ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး NLD ပြင်ဆင်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထားဝယ်မြို့ ခရီးစဉ်အတွင်း ကားပေါ်ကထွက်ပြီး လူထုကို မိန့်ခွန်းပြောကြားနေစဉ်။ (ဇန်န၀ါရီလ ၂၉၊ ၂၀၁၂) ဓာတ်ပုံ ASSOCIATED PRESS

ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း ခရီးစဉ်ဟာ လူထုတွေရဲ့ အပြည့်အ၀ ထောက်ခံမှု ရရှိခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်တယ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒါ့အပြင် လာမယ့် စနေနေ့မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မန္တလေးတိုင်းနဲ့အတူ တခြား နယ်မြို့တွေကိုလည်း သွားဖို့ စီစဉ်ထားသလို ကြားဖြတ် ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးနဲ့ ကိုယ်စားလှယ်လောင်း မဲဆွယ်စည်းရုံးမှုတွေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းကစလို့ စတင်စည်းရုံးတော့မယ် လို့လည်း NLD ပါတီက ပြောပါတယ်။ ဒီအကြောင်း အပြည့်စုံကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။

ဇန်န၀ါရီလ ၂၉ ရက်နေ့က ထားဝယ်မြို့ကို ဒေါ်အောင်ဆန်းစုကြည် သွားခဲ့တဲ့ ခရီးစဉ်ဟာ NLD ပါတီကို လူထုရဲ့ ထောက်ခံမှုအပြည့်အ၀ ရှိတယ်ဆိုတာကို ပြခဲ့တဲ့ အောင်မြင်တဲ့ ခရီးစဉ်လို့ NLD ပါတီက သုံးသပ်ပါတယ်။ ဒီကနေ့ ဇန်န၀ါရီ ၃၀ ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ NLD ဗဟိုအလုပ်အမှုဆောင်တွေ ပြုလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အခုလို မှတ်ချက်ပေးခဲ့တာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြောခွင့်ရသူ ဦးအုန်းကြိုင်က ပြောပါတယ်။

“ယေဘုယျအားဖြင့် ကျနော်တို့ရဲ့ ခရီးစဉ်ဟာ အောင်မြင်တယ်။”

ဒါ့အပြင် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း မဲဆွယ် စည်းရုံးရေးတွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နေ့နောက်ပိုင်းမှာ စတင် မဲဆွယ်စည်းရုံး နိုင်ပြီမို့ NLD ပါတီကနေ ၀င်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ် စည်းရုံးရေး ကိစ္စတွေ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး ကိစ္စတွေကို ဗဟိုအလုပ်မှုဆောင် အဖွဲ့ဝင်တွေ ဆွေးနွေးခဲ့ကြတာပါ။ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲပေးကြမယ့် မဲဆန္ဒရှင်တွေအနေနဲ့ ရွေးကောက်ပွဲဆိုင်ရာ ဗဟုသုတတွေ ရအောင် ဘယ်လို ကြိုတင်စီစဉ်ကြမယ်၊ NLD ပါတီကို မဲဆန္ဒရှင်တွေ ဘယ်လို ခွဲခြားသိမလဲ ဆိုတာတွေကို ရှင်းပြဖို့ အဓိက သူတို့ ဆွေးနွေးခဲ့ကြပါတယ်။ အထူးသဖြင့် ၁၉၉၀ ရွေးကောက်ပွဲတုန်းက NLD ပါတီဟာ ခမောက်တံဆိပ် ဖြစ်ပေမဲ့ အခု ကြားဖြတ်ရွေးကောက်ပွဲမှာ ခွပ်ဒေါင်းတံဆိပ် ဖြစ်တယ်ဆိုတာကို ခွဲခွဲခြားခြား သိအောင် ရှင်းပြဖို့ ပြင်ဆင်ထားတယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

“၁၀ ရက်နေ့မှာ ကျနော်တို့ အောင်နိုင်ရေး အတွက် စပြီးတော့ campaign ဆင်းလို့ရပြီ။ campaign ဆင်းလို့ရပြီ ဆိုတဲ့နေရာမှာ လူထု ဆန္ဒမဲပေးအောင် ဘယ်လို စည်းရုံးမလဲ၊ ဆန္ဒမဲ ပေးတဲ့နေရာမှာ မဲဆန္ဒရှင်တွေကို အဓိက ပညာပေးနိုင်အောင်ပေါ့၊ မဲပေး မမှားအောင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့ပါတီက၊ ဥပမာ အရင်တုန်းက ကျနော်တို့က ခမောက်နဲ့ သင်္ကေတလုပ်ပြီး မဲပေးခဲ့တယ်။ အခုက အခုထက်ထိ တချို့နေရာတွေမှာ ခမောက်ကို NLD လို့ပဲ ထင်ယောင်ထင်မှား ဖြစ်နေသေးတယ်။ အဲဒါတွေကို ကျနော်တို့ ကြားနေရတယ်ပေါ့လို့ ပြောတယ်။ ဆိုတော့ အဲဒါတွေကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါမျိုးတွေ ဆွေးနွေးကြတာ ရှိပါတယ်။ အခု ကျနော်တို့ နယ်ကလာတဲ့ အတွေ့အကြုံတွေအရ လုပ်ရတာတွေ ဘာတွေကတော့ ခုထက်ထိ ဇဝေဇ၀ါ ဖြစ်နေသေးတယ် ဆိုတဲ့သတင်းတွေ ကျနော်တို့ ရတဲ့အကြောင်း ဆွေးနွေးကြတော့ အဲဒါတွေကို လူထုကို ရှင်းရှင်းလင်းလင်း ဖြစ်အောင်၊ သိအောင်ပေါ့။ သူတို့လည်း မမှားအောင်ပေါ့လေ အကူအညီပေးရမယ်။ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်ခင်ဗျ။”

ဒါ့အပြင် ကြားဖြတ် ရွေးကောက်ပွဲမှာ ရှိမယ့် ကြိုတင်မဲ ကိစ္စတွေမှာ မသာမာမှု မဖြစ်ရအောင် NLD က စောင့်ကြည့်သွားမယ်လို့လည်း ပြောပါတယ်။

“ကြိုတင်မဲကတော့ ကျနော်တို့က နောက်ထပ် ကော်မရှင်မှာ ဖော်ပြထားတဲ့အတိုင်း ကြိုတင်မဲက စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ ဖြစ်ရဲ့လားပေါ့နော်။ အဲဒါ ကျနော်တို့ စောင့်ကြည့် ရမှာပေါ့။

ဒီဟာကို မြို့နယ်အလိုက် မြို့နယ်အလိုက် အောင်နိုင်ရေး ကော်မတီတွေကနေ စောင့်ကြည့် ရမှာပေါ့။”

အခု ကြားဖြတ်ရွေးကောက်ပွဲ အတွက် ကိုယ်စားလှယ်လောင်း စည်းရုံးရေး မဆင်းခင်မှာ ပါတီ စည်းရုံးရေးအဖြစ် လာမယ့် ဖေဖော်ဝါရီလ ၄ ရက် နဲ့ ၅ ရက်နေ့ တွေမှာ မန္တလေးတိုင်းကို ဒေါ်အောင်ဆန်းစုကြည် သွားဖို့ စီစဉ်ထားသလို တခြား တိုင်းနဲ့ ပြည်နယ်တွေကိုလည်း သွားဖို့ ရှိတယ်လို့ ပြောပါတယ်။

“မန္တလေး ဆိုရင် ၄ ရက်နေ့၊ ကျနော်တို့ သွားဖို့ ရှိပါတယ်။ နောက်ပြီးတော့ ပုသိမ် ဆိုရင် ၇ ရက်နေ့ သွားဖို့ ရှိပါတယ်။ ကျန်တဲ့ရက်တွေကတော့ ကျနော်တို့ အသေးစိတ် သတ်မှတ်ထားတယ်လို့ မရှိသေးပါဘူး။ နောက် ရှမ်းပြည်မြောက်ပိုင်း သွားဖို့ရှိတယ်လို့ ကျနော်တို့ သိပါတယ်။ ကချင်ပြည်နယ်ဘက်လည်း စီစဉ်တော့ စီစဉ်နေပါတယ်။ အဲဒါမျိုးတွေ ရှိပါတယ်။”

NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြခဲ့တာပါ။ ဒ့ါအပြင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူဝင်ပြိုင်မယ့် ကော့မှူးမြို့နယ်ကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နောက်ပိုင်းမှာ စည်းရုံးရေးခရီးတွေ ထွက်ဖို့ရှိပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာစလုံးကို NLD ပါတီက ၀င်ပြိုင်မှာဖြစ်သလို ရွေးကောက်ပွဲဆိုင်ရာ ဥပဒေကြောင်းအတွက် ပြန်လည် ရှင်းပြထားတဲ့ စာအုပ်ငယ်တွေကိုလည်း အများပြည်သူ ဖတ်ရှု လေ့လာနိုင်အောင် NLD ပါတီက မကြာခင် ဖြန့်ဝေမယ်လို့လည်း ပြောပါတယ်။

နားဆင်ရန်

http://www.voanews.com

ဆက်ဖတ်မယ်...

ကော့မှူးမြို့နယ်က ပြည်သူတွေ ဂုဏ်ပြု ကြိုဆိုကြတဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းတွေ(ရုပ်/သံ)

မစုစုနွေး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားတွေ ၂၀၀၇ မျိုးဆက် ကျောင်းသားတွေ နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို ကော့မှူးမြို့နယ်က ရာနဲ့ချီတဲ့ ဒေသခံတွေက ကြိုဆို ဂုဏ်ပြု ခဲ့ကြပါတယ်။

ဒီအခမ်းအနားမှာ မစုစုနွေးက လယ်သမား အရေးကိစ္စနဲ့ ပတ်သက်လို့ ပြောကြားခဲ့ပြီး လယ်သမားတွေကိုလည်း အမှန်အတိုင်း ပြောရဲကြဖို့ တိုက်တွန်း ပြောကြား ခဲ့ပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ကိုမျိုးအောင်နိုင်ကလည်း တိုင်းရင်းသား ဒေသတွေအပေါ် ထိုးစစ် ဆင်နေတဲ့ စစ်ပွဲတွေကို ချက်ချင်း ရပ်ဖို့ တောင်းဆို သွားခဲ့ပါတယ်။ ဒါ့အပြင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝိုင်းဝန်းထောက်ခံ ဝန်းရံဖို့ ပြောသွား ခဲ့ကြပါတယ်။

video


source by : http://www.burmavjmedia.net
ဆက်ဖတ်မယ်...

ထားဝယ်သားတွေ သောင်းသောင်းဖြဖြ ကြိုဆိုကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စည်းရုံးရေး ခရီးစဉ်(ရုပ်/သံ)



source by : http://www.youtube.com/user/BurmaVJMedia
ဆက်ဖတ်မယ်...

ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ (အသံဖိုင်)

ထားဝယ်မြို့မှာ ဟောပြောခဲ့တဲ့ အမေစုရဲ့ ဟောပြောချက်လေးပါ...

နေရာ - ဗိုလ်ချုပ်လမ်း တော်ဝင်ဦးဘေဘီစတိုး

အချိန် - မွန်းလွဲ ၄း၀၀ နာရီ


source by : http://soundcloud.com/moethoutpan
ဆက်ဖတ်မယ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် စည်းရုံးရေးခရီးစဉ် (ရုပ်/သံ)




source by : http://www.reuters.com/info
ဆက်ဖတ်မယ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ်မြို့ စည်းရုံးရေး ခရီးစဉ်

ဒေါ်အောင်ဆန်းစုကြည် သည် တနသာင်္ရီတိုင်း ထားဝယ်မြိုသို့ နိုင်ငံရေး ခရီးစဉ်အဖြစ် ထွက်ခွာရန် ယနေ့ နံနက် ၇ နာရီ ခန့်တွင် မြန်မာ့လေကြောင်းဖြင့် လိုက်ပါရန် ရန်ကုန် ပြည်တွင်း လေဆိပ်ကို ရောက်ရှိ လာပါသည်။

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်မြို့ လေဆိပ်ကတည်းက လူပရိသတ် ခန့်မှန်းခြေ တထောင်ကျော် စောင့်ဆိုင်းကြိုဆိုလျှက်ရှိပါသည်။ ၎င်းးနောက် မြို့တွင်းသို့ကားများဖြင့် ၀င်ရောက်လာရာ လမ်းဘေး ၀ဲယာ ပရိတ်သတ်များ ယာဉ်တန်းနောက်မှ ဆိုင်ကယ်များဖြင့် လိုက်ပါလာကြသည့် လူပရိတ်သတ်မှာ ထောင်သောင်းချီရှိမည်ဟု ထားဝယ်မြို့ခံ ၀ိုင်ပီအိုင် သတင်းထောက်က ပြောပါသည်။ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်လျှက်ရှိရာ ညနေ လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာမည်ဖြစ်သည်။

Daw_10(ဓါတ်ပုံ - အင်တာနက်)

ခရီးစဉ်ကို အသေးစိပ်ဖေါ်ပြပါက လေဆိပ်မှ ပထမ (၃၅) မိနစ်အတွင်း လမ်းပိတ်ဆို့မှုများဖြစ်ပွားလျက်ရှိပြီး၊ ဒေါ်အောင် ဆန်းစုကြည်ယာဉ်တန်းသည် လောင်းလုံမြို့နယ် သို့ထွက်ခွာလျက်ရှိသည်။ လမ်းခရီးတလျှောက်တွင် ထားဝယ်မြို့ခံ ပြည်သူသိန်းချီပြီး လမ်းဘေးဝဲယာတလျှောက် ကြိုဆိုနှုတ်ဆက်နေကြပါသည်။


Welcome_Daw_Su_in_Tavay

လိုက်ပါပို့ဆောင်ပေးသော ထားဝယ်ပြည်သူများ (အင်တာနက်)

ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းဖြတ်သန်းရာ လမ်းမတလျှောက်လုံး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အလံတော်များ ဝှေ့ယမ်းကြိုဆိုနေကြပါသည်။ “ကျမကို ထောက်ခံတာနဲ့ တန်အာင် ကျမတို့က အလုပ်လုပ်မယ်” ဒေါ်အောင်ဆန်း စုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။..လူတိုင်း၏ လက်ထဲတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြပါသည်။

Daw_su_e

ထားဝယ်မှ တခြားမြို့နယ်သို့ ပြေးဆွဲနေသော လိုင်းကားများ ဒီနေ့မှာနားပြီး ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်အတွင်း အများပြည်သူ အဆင်ပြေစေရန် ကူညီလျှက်ရှိကြောင်း သိရပါသည်။

ထားဝယ်မြို့ခံ အချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များကျကာ အော်ဟစ်ငိုကြွေးနေကြသည်။

ယာဉ်တန်းနောက် လိုက်ပါနေသော မော်တော်ယာဉ် ဆိုင်ကယ်အရေအတွက် ရာပေါင်းများစွာ ရှိနေပါသည်။

Daw_09

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်

အန်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး ပထမဆုံးခရီးစဉ် အဖြစ် ထားဝယ်မြို့သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိ ခဲ့ပါသည်။

ဒေါ်အောင်စုကြည်ကို ကြိုပို့ပေးနေသော ပါဂျဲရိုကားမှာ ကြံ့ခိုင်ဖွံဖြိုးရေး ပါတီမှ (အမျိုးသားလွှတ်တော်) အမတ် ဦးသန်းဆွေ၏ ကားဖြစ်ပြီး သူက..ကျနော့်ညီမလေးကလည်း ကြံ့ဖွံ့ပါပဲ အရမ်းဝမ်းသာတယ်တဲ့၊ အမေစုကို မြင်ရတာ...ထားဝယ်မှာ မဲထည့်ရင်တော့ NLD ကိုပဲ မဲထည့်မယ်တဲ့ ကြံ့ဖွံ့အဖွဲ့ထဲကို အခွင့်ရေးလေးရလို့ ဝင်ထားတာတဲ့ ဟု ဆိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည်၊ နေ့ခင်းပိုင်းတွင် လောင်းလုံသို့ သွားရောက်ပြီး ညနေပိုင်းတွင် လေယာဉ်ဖြင့် ရန်ကုန်မြိုသို့ ပြန်လည် ထွက်ခွာမည်ဖြစ်သည်။


source by : http://www.phophtaw.org
ဆက်ဖတ်မယ်...

ကိုမင်းကိုနိုင်ရဲ့ ကဗျာ



ကျနော်တို့ဟာ
မုန်တိုင်းကို ဆန်ရင်း
သင်းကွဲကြတဲ့ ငှက်အုပ်ပါ။

ပိတောက်နံ့သင်းတဲ့ လေပြေအေး
ဂေဟာဟောင်းကို တံခါးဖွင့်ဝင်
တူးပို့ တူးပို့ ဗုံသံလေး
ညီမလေးကို ထ,က,အောင်
ပြိုင်တူလက်ခုပ်တီးမယ်လို့
ပြန်ဆုံမယ့်နေ့ အမေ့အိမ်မှာ ...။

ခုနေမှာတော့
တယောက်အနားဖေး တယောက်ဆေးတင်
တယောက်ရင်ခွင် တယောက်မေးတင်လို့ ...။

ကျနော်တို့မှာ ... လိုအပ်တာ
ဘယ်အချိန်ထ,ဆိုဆို
‘အိုးဝေ’ သံချို ညီဖို့ပဲမဟုတ်လား။ ။

ယုံကြည်တဲ့ ...

မင်းကိုနိုင်

source by : http://drlunswe.blogspot.com
ဆက်ဖတ်မယ်...

ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်အဖြစ် ထားဝယ်မြို့သို့ ရောက်ရှိ (ဓါတ်ပုံ)



Photo @ DVB
ဆက်ဖတ်မယ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ (ရုပ်/သံ)

နော်ဝေ နိုင်ငံခြားရေး ဝန်ကြီး Mr.Jonas GahrStore နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာ လမ်းရှိ ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ် ကနေ ည ၇ နာရီ ၁၅ မိနစ် အထိ တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။

video



source by : http://www.burmavjmedia.net
ဆက်ဖတ်မယ်...

အာဏာရ အင်အားစုအတွင်း NLD ကို လက်မခံသူများ ရှိနိုင်

သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့ထဲက ပြုပြင်ပြောင်းလဲရေးသမားတွေက ဧပြီလမှာ ကျင်းပမည့် ရွေးကောက်ပွဲ တွေ လွတ်လပ်မျှတသင့်တယ်ဆိုတာကို လက်ခံထား တယ်လို့ ယုံကြည်တဲ့အကြောင်း ဒေါ်အောင်ဆန်း စုကြည် က ပြောလိုက်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအာဏာရ ကြံခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ တခြားပါတီတွေထဲမှာ NLD ပါတီပါဝင် အရွေးခံမှာကို ဆန့်ကျင်သူ တွေ၊ ရွေးကောက်ပွဲကို မျှမျှတတ မဖြစ်စေချင် သူတွေလည်း ရှိနိုင်ပါတယ်လို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံအပြီးမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

နော်ဝေးနိုင်ငံဘက်ကတော့ မြန်မာနိင်ငံမှာ ဒီမိုကရေစီနဲ့ ဥပဒေစိုးမိုးမှုရှိရေးတို့ အတွက် တတ်နိုင်သမျှ ကူညီ သွားမယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့တဲ့အကြောင်း ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က သတင်း ပို့ထားပါတယ်။

မြန်မာနိုင်ငံမှာလက်ရှိဖြစ်နေတဲ့ အခြေအနေတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမြင် သုံးသပ်ချက်ကို သိရဖို့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre ဟာ ဗုဒ္ဓဟူးနေ့ညနေပိုင်းက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ကြားဖြတ်ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတနိုင်တဲ့ ဖြစ်နိုင်ချေ ခိုင်ခိုင်မာမာ ရှိနေတယ်လို့ ထင်မြင်တဲ့ အကြောင်း၊ ဒါပေမဲ့ ဒီရွေးကောက်ပွဲကို လွတ်လွတ်လပ်လပ် မဖြစ်စေချင်သူတွေ ရှိနိုင်တဲ့အကြောင်း ခုလို ပြောသွားခဲ့ပါတယ်၊

“သမ္မတဦးသိန်းစိန်နဲ့ အစိုးရအဖွဲ့အတွင်းက ပြုပြင်ပြောင်းလဲရေး သူတွေက ရွေးကောက်ပွဲဟာ လွတ်လပ်မျှတ သင့်တယ်လို့ လက်ခံထားကြတယ်လို့ ယုံကြည်ပါတယ်၊

ဒါပေမဲ့လည်း ကျွန်မတို့ ရွေးကောက်ပွဲမှာ ဝင်ပြိုင်မှာ ကိုဆန့်ကျင်သူတွေ၊ ဥပမာ အားဖြင့် ကြံခိုင်ဖွံ့ဖြိုးရေးပါတီထဲမှာရော တခြားပါတီတွေထဲမှာပါ ရှိနေမယ် ဆိုတဲ့ ဖြစ်နိုင်ချေတွေလည်း ရှိပါတယ်။”

သူတို့ အနေနဲ့ လွတ်လပ် မျှတတဲ့ ရွေေးကာက်ပွဲ သိပ်ဖြစ်စေချင်မှာ မဟုတ်ပါဘူးလို့ ဒေါ်အောင်ဆန်းစုကြည် က ပြောသွား တာဖြစ်ပါတယ်၊ ဒီမိုကရေစီကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ဖော်ဆောင်ဖို့အတွက် စစ်တပ်နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ လိုအပ်တဲ့ အကြောင်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် က သတင်းထောက်တွေကို ခုလိုပြောခဲ့ ပါတယ်။

“ဒီမိုကရေစီစနစ်ပေါ်ပေါက်ဖို့ ငြိမ်းချမ်းတဲ့ နည်းလမ်းနဲ့ သွားမယ်ဆိုရင် တပ်မတော်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုကို လိုအပ်တယ်ဆိုတာကို ကျွန်မ ရှင်းရှင်းလင်းလင်းပြောထားပြီးသားပါ၊

ဒီပူးပေါင်းဆောင်ရွက်မှုက အောင်မြင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်၊ ပူးပေါင်းဆောင်ရွက်လို့ အနှုတ်လက္ခဏာ တုန့်ပြန်မှုတွေရှိမယ်ဆိုပြီး ကျွန်မ စိတ်ပူတယ်လို့ ပြောလို့ မရပါဘူး၊

ဒါပေမဲ့ တပ်မတော်ထဲမှာ အပြောင်းအလဲလုပ်ဖို့ သိပ်စိတ်ဆန္ဒ မရှိကြသူ တွေလည်း ရှိနေနိုင်တာကို ကျွန်မတို့ စိုးရိမ်ပါတယ်၊ ပြုပြင် ပြောင်းလဲမှုတွေလုပ်ဖို့ ဘာကြောင့် လိုအပ်တယ်၊

ပြုပြင် ပြောင်းလဲမှုတွေက ဘယ်ကို ဦးတည်တယ် ဆိုတာ အသေအချာ သိသွားရင် တပ်မတော်ကလည်း ဒီလုပ်ငန်းစဉ်တွေထဲမှာ သိပ်ကို ပူပေါင်း ဆောင်ရွက်ချင်စိတ်တွေ ရှိလာမယ်ဆိုတာ ကျွန်မ ယုံကြည်လက်ခံ ထားပါတယ်။”

မြန်မာနိုင်ငံက ဖြစ်နေတဲ့ နိုင်ငံရေး အပြောင်းအလဲတွေအပေါ် ဒေါ်အောင်ဆန်းစုကြည်က အမြင်သဘောထား မှတ်ချက်ပေးတဲ့အပေါ်မှာ ကျေးဇူးတင်တယ်လို့ Norway နိုင်ငံခြားရေးဝန်ကြီး Jonas Gahr Støre ပြောပြီး နော်ဝေးနိုင်ငံအနေနဲ့ တတ်နိုင်သလောက် ကူညီသွားမယ်လို့ ပြောပါတယ်၊

ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းရေး၊ ဥပဒေစိုးမိုးမှုရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်မှု ရှိရေးတွေ အတွက် နော်ဝေးနိုင်ငံက တတ်နိုင်သမျှ အားပေးထောက်ခံသွားမယ်ဆိုတာကို နော်ဝေးနိုင်ငံခြားရေးဝန်ကြီး က ပြောသွားပါတယ်၊ ကမ္ဘာတဝန်နိုင်ငံတွေမှာ ပြန်လည်သင့်မြတ်ရေး ရရှိဖို့ ဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေ အားလုံးဆီက အထူးသဖြင့် ဒီကိစ္စပိုင်းမှာ အများဆုံး အကူအညီပေးနေတဲ့ နော်ဝေးနိုင်ငံဆီက အတွေ့အကြုံ တွေကို ရယူချင်တဲ့အကြောင်းလဲ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။

ပိတ်ဆို့ ဒဏ်ခတ်မှုနဲ့ ပါတ်သက်လို့တော့ ပိတ်ဆို့မှု အားလုံးဖယ်ရှားသင့် မသင့် ရွေးကောက်ပွဲပြီးတဲ့ အထိ စောင့်ဖို့ EU အဖွဲ့ဝင်နိုင်ငံတွေမှာ ယေဘူယျသဘောထားရှိကြတာနဲ့ ပါတ်သက်လို့ မှန်ကန်သင့်တော်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်က ပြောသွားပါတယ်။

ဒါပေမဲ့ မကြာခင်ကမှ မြန်မာနိုင်ငံအပေါ် နော်ဝေးက စီးပွားရေးအရ ပိတ်ဆို့မှုတွေ ဖယ်ရှားပေးခဲ့တာကိုတော့ တစုံတရာမှတ်ချက်ပေး ပြောမသွားခဲ့ပါဘူး၊ မြန်မာနိုင်ငံကို ဗုဒ္ဓဟူးနေ့ထဲက ရောက်လာတဲ့ နော်ဝေးနိုင်ငံခြား ရေးဝန်ကြီးဟာ နေပြည်တော်မှာ သမ္မတဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ ဦးရွှေမန်းတို့နဲ့ တွေ့ဆုံခဲ့ ပါတယ်၊ ဒီနေ့မှာတော့ နော်ဝေးနိုင်ငံခြားရေးဝန်ကြီးစာ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ စီးပွားရေးဆိုင်ရာ သမ္မတ အကြံပေးဦးမြင့်အပါအဝင် ပညာရှင်တချို့ စီးပွားရေးလုပ်ငန်းရှင်တချို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com
ဆက်ဖတ်မယ်...

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့်သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့်သာဓုခေါ်စေရန်..) အပိုင်း ၂






● ဦးခင်ညွှန့်က ထောင်သွင်းအကျဉ်းချသော ဆရာတော်များ သံဃာတော်များ။

အဲဒီ (၃) ဆောင်မှာပဲပေါ့ဗျာ… …
အကျဉ်းသားဝတ်စုံ အဖြူကို အထက်အောက်ဝတ်ဆင်ထားရသော်လည်း မျက်လွှာချပြီး ပုတီးစိပ်ရင်း ထောင်ထဲမှာ စင်္ကြန်လျှောက်နေတဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးကို အားလုံးထဲမှာ ထူးခြားစွာ ကြည်ညိုဖွယ်ရာ တွေ့လိုက်ရပါတယ်။ ကျနော် တော်တော့်ကိုတုန်လှုပ်သွားတယ်ဗျ။ စိတ်ထဲ မှာလည်း ဝမ်းနည်းသလိုလို ကတုန်ကယင်ကြီး ဖြစ်သွားတယ်။ သူတို့တွေက ဘယ်သူတွေလဲ၊ ဘာဖြစ်လို့ ဒီအထဲရောက်နေရတာလဲ။ အံ့သြမှုနဲ့အတူ စုံစမ်းကြည့်လိုက်တော့ ဆရာတော်သံဃာတော်ကြီးတွေ ဖြစ်နေတယ်ဗျာ …။

တပါးက အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတောကြီးတွေဖြစ်သော အင်းစိန်ရွာမစာသင်တိုက်က ဆရာတော်ဦးတိလောကဘိဝံသ၊ နောက် တပါးက ပါဌိကာရီ စာသင်တိုက် (သာကေတ) ဆရာတော်ကြီး ဦးအဂိတ၊ နောက်တပါးက ရွှေဘုန်းပွင့်ဆရာတော်ဘွဲ့တော် ကျနော် မေ့ နေ ပါသည်။ ဆရာတော်ကြီးများဟာ ထောင်ဝတ်စုံဆင်မြန်းထားရသော်လည်း သီလ၊သိက္ခာတော်တို့ကြောင့် ရာဇ၀တ်အကျဉ်းသားနဲ့မတူဘဲ သိသိသာသာကြီးကို ကွဲပြားနေပါတယ်။

(ကျောက်ကုန်း မေဒိနီကျောင်းတိုက်က အိနြေ္ဒသိက္ခာကြီးမားသည့် ဆရာတော်ကြီး ဦးဉာဏ္ဏဝံသ အမှတ် (၅) ဆောင်မှာဖြစ်သည်။)


(ကွယ်လွန်သွားသောကိုအေးကြည်က သုံးဆောင်မှာ ရွှေဘုန်းပွင့်ဆရာတော်ကို တာဝန်ယူရသည်။)

ဆရာတော်ကြီးများတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ ငယ်ရွယ်နုပျိုတဲ့ ဦးဇင်းလေးများလည်း ရှိကြနေတယ်။ (ဘွဲ့တော်တွေ မမှတ်မိ တာ ခွင့်လွှတ်ကြပါ)။ ရွှေဘုန်းပွင့်ကျောင်းတိုက်တခုထဲနဲ့တင် သံဃာအပါးနှစ်ဆယ်ကျော် ဖမ်းဆီးအကျဉ်းချခံရပါသည်။ ရန်ကုန်တတိုင်း လုံးနှင့် မန္တလေးတိုင်း အကုန်အပါဝင် မြန်မာပြည်အနှံ့ ဆရာတော်သံဃာတွေ ဘယ်လောက်လဲ။ ကျနော် အမှတ်သုံးဆောင်ကို ရောက်လာတဲ့ အချိန် ထောင်ပြောင်းပါသွားသည့် ဆရာတော်ကြီးများနှင့် သံယာများ မနည်းဘူးလို့သိရတယ်။

လူရှင်သင်္ချိုင်းကိုရေးတဲ့ ကိုနေလင်းတို့ ထောင် ပြောင်းပါသွားတဲ့အသုတ်ပေါ့။ ကျနော်မှတ်မိတဲ့ ရခိုင်ဦးဇင်းလေးတပါးဆို ကျနော်တို့ ထမင်းဝိုင်းမှာ ဘုဉ်းပေးပါတယ်။ တကယ့်ကို ငယ်ရွယ် ပြီး ပိန်ပိန်လေးပါ။ သက်တော်က ၂၅ နှစ်ခန့် ပါ။ ငယ်ဖြူကိုယ်တော်လေးပေါ့။ ကျနော်တို့က ဦးဇင်းလေးလို့ ခေါ်ပါတယ်။ ရဟန်းမို့ ကျနော် တို့က ဦးစားပေး ဆွမ်းဟင်းပိုထည့်ရင် ဘုဉ်းမပေးတော့ဘူး။ ကျနော်တို့နှင့် တန်းတူသာဘုဉ်းပါတယ်။

ဆွမ်းဟင်းဆိုလို့လည်း အထင်မကြီးကြပါနဲ့ဦး။ ထောင်ဝင်စာ လာတွေ့ခံရမှန်သူ တဦးနှင့် ထောင်ဝင်စာ လာကြဲသူ တဦးနဲ့ ထောင်ဝင်စာ မလာသူ သုံးဦးလေးဦးခန့်က တအုပ်စုအဖြစ် ထမင်းစားကြတော့ အပြင်ဟင်းလို့ခေါ်တဲ့ (အထားခံအောင်ကြော်ထားသည့် ငပိကြော်၊ ငါး ခြောက်ကြော်၊ သရက်သီးသနပ်နှင့် အသားကြော်တခုခုကို တဦး ဇွန်းတ၀က်ခန့်လောက် မျှစားရတာ) ဦးဇင်းလေးကို ထည့်ပေးတာပါ။ (၃) ဆောင်ဖြစ်သည့်အတွက် ထောင်ထမင်းကျွေးချိန်ကလွဲရင် အခြားအချိန်တွေမှာ ထမင်းကို စားသောက်ခွင့်၊ သိမ်းထားခွင့်မရှိဘူး။ ထောင်ဥပ ဒေအတိုင်း ကျွေးချိန်မှာ အခန်းအပြင်ဖက်စင်္ကြန်မှာ စားရပါတယ်။

အဲသည့်စနစ်ဟာ ကျနော့်တို့ သာမန်လူတွေအတွက်က ဘာမှအခက်အခဲမရှိပေမယ့် မွန်းတည့်နောက်ပိုင်းမှာ ဘုဉ်းမပေးရတဲ့ သံဃာတော် တွေအဖို့မှာ အတော်ဒုက္ခရောက်ကြရပါတယ်။ အဲဒီတော့ ကျနော်တို့က ညနေစာလာကျွေးတဲ့ ထောင်ထမင်း ၀ါကျင့်ကျင့်ကို ကော်ဇလုံထဲမှာ ပါးပါးလေးခင်း၊ အပေါ်ကနေ အ၀တ်ပိုင်းစ (အင်္ကျီပိုင်း) ကို ရေဆွတ်ပြီး ရေညှစ်လို့ အုပ်ထားရပါတယ်။ အဲဒါကို မနက်ထောင်ဖွင့်ချိန်မှာ အာ ရုံဆွမ်းအဖြစ် သံဃာတော်တွေကို ထောင်ထမင်း ၀ါကျင့်ကျင့် သိုးနံ့ဝင်လုလုကို ကပ်ကြပါသည်။

ရေချိုးသည့်အခါ အကျဉ်းသားများ လေးယောက်တတွဲထိုင်ပြီး ရေကန်အပြင်မှာ တန်းစီရပါသည်။ ရေကန်စောင့်က “တတန်းလာ” လို့ အော်လိုက်ရင် ထပြီးရေကန်ဘေးမှာရပ်ပြီး ဒန်ပန်ကန်ပြားကိုင်ကာ “ခပ်” ဆိုတဲ့ အချိန်ကျမှာ တခါခပ်လို့ ရေချိုးရတဲ့စနစ်ကို ဆရာတော် သံဃာတော်တွေလဲ လိုက်နာရပါသည်။

ကမ္ဘာပေါ်တွင် ဗုဒ္ဓဘာသာအထွန်းကားဆုံးဖြစ်သော ကျနော်တို့ မြန်မာနိုင်ငံမှာ ရဟန်းသံဃာတော်များကိုသတ်ဖို့ အမိန့်ပေးတဲ့ ဦးခင်ညွန့်တို့ န၀တကပ်တဲ့ ဆွမ်းကွမ်းအလှူဒါနမို့ လက်မခံဘဲ ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို ထောင်တွင်းမှာ လူမြင်သူမြင် တရားဝင် ဦးချခွင့်မရှိပါ။ လူမြင်သူမြင် ဆွမ်းကပ်ခွင့်မရှိပါ။ ဒါတွေကို မြန်မာပြည်သူပြည်သားအပေါင်း သေသေချာချာမှသိကြပါ့မလား။

မနက်တခါ ညနေတခါထိုင်ပြီး “ပုံစံ” လိုအော်ရင် ဦးခေါင်းငုံထားရသည့် ဆရာတော်သံဃာတော်တွေအဖြစ်၊ ရာဇ၀တ်သား အကျဉ်းသားများ နှင့် ကြမ်းတပြေးထိုင် သီတင်းသုံးကာ ဆဲဆိုကြိမ်းမောင်းသံများ ကြားတော်မူနေရသော အဖြစ်။ ညအချိန်မှာ ကြမ်းပေါ်မှာ အကျဉ်းသားများနှင့် တိုးဝှေ့ပြီး အတူကျိမ်းတော်မူရသည့်၏အဖြစ်များကို မြန်မာပြည်သူတို့တွေ့ရရင် ဘယ်လိုခံစားမလဲ။

ငါ –ီုး မသားတွေ နားထောင်ကြစမ်းလို့ အော်ဟစ်ပြောဆိုနေတဲ့ ထောင်အကျဉ်းခန်းထဲမှာ သီတင်းသုံးရသည့် သာသနာပိုင်ဆရာတော်တွေ စိတ်နှလုံးကို တွေးကြည့်ကြပါဗျာ။ စစ်ဖိနပ်စီးပြီး လမ်းလျှောက်လာတဲ့ ထောင်အာဏာပိုင်တွေနင်းနေတဲ့ ကြမ်းပြင်တပြေးထဲမှာပဲထိုင်ပြီး ခေါင်းငုံအရိုသေပေးနေရတဲ့ သာသနာပိုင်ဆရာတော်တွေအဖြစ် သံဃာတော်တွေအဖြစ်ကို တွေးကြည့်ပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ်ကြီးခင်ညွှန့်သွားလေရာမှာ လူတကာကို လက်အုပ်ချီပြီး ခရီးဦးကြိုပြုရန် ညွှန်ကြားထားသည်။ သူလိုသာမန်လူတယောက်တောင် လက်အုပ်ချီ ခရီးဦးကြိုပြုခံနေတဲ့အချိန်မှာ သာသနာပိုင်ဆရာတော်တွေ ထောင်ထဲမှာသီတင်းသုံးနေသည်။

ထောင်ဥပဒေအတိုင်း အမည်ကို ဦး ကို တပ်မခေါ်တဲ့အတွက် ဆရာတော်ကြီးတွေအမည်ကိုခေါ်တဲ့အခါမှာ စိတ်မသက်သာဖြစ်ရတာကို တွေးကြည့်ပေါ့။ အကျဉ်းသားအချင်းချင်းနှင့်ကတော့ ထောင်ဝင်စာလာရင် အမည်လိုက်ခေါ်တဲ့ အကျဉ်းသားတောင် ဆရာတော်တွေကို အလွတ်ကျတ်ထားပြီး အသာလေးအနားလာပြီး ဘုန်းဘုန်းဘုရားလို့ ထောင်ဝင်စာ စာရွတ်လာ ကပ်တာတွေတော့ရှိပါသည်။ သို့သော်လည်း တရားမ၀င်ဘူးလေ။

တပတ်တခါ ထောင်ပိုင်တန်းစီတဲ့အခါ။ တလတခါ ညွှန်ကြားရေးမှူးလှည့်တဲ့အခါ ဆရာတော်တွေမှာ အကျဉ်းသားတွေကြားထဲ တောင့် တောင့်ထိုင်ပြီး ဦးခေါင်းချိုး အရိုသေပေးရတာကို ဘာသာတရားကြည်ညိုလှပါသည်ဆိုသောဦးခင်ညွှန့် ဘာလုပ်ဖို့ သံဃာတွေ ထောင်ချ သေးသလဲ။

ထောင်မှူးသိန်းမြင့်က ထောင်ကျလာရင် အကျဉ်းသားပဲဆိုပြီး တောင်ယာရေလောင်းဖို့ လူစာရင်းမှာပါတဲ့ သက်ကြီးဝါကြီး ဆရာတော်တွေ ကိုယ်စား ကျနော်တို့လူငယ်တွေနှင့် ရဟန်းပျိုတွေက အလှည့်ကျ ၀ိုင်းထမ်းပြီးလောင်းရတဲ့ အမှတ်သုံးဆောင် ချိုးရေကန်က ပုတ်စော်နံရေ တွေကို သံစည်ပိုင်းပြတ်နှင့် နွားထမ်းတဲ့တံဘိုးကို တပ်ထမ်းနေရတဲ့အချိန်မှာတော့။

ဦးခင်ညွှန့်တယောက် နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ရွှေသင်္ကန်းကပ်တဲ့ ဝေါယာဉ်ကြိုးကို ဖွဖွလေးဆွဲပြပြီး ဘုရားဒကာကြီးအဖြစ် ပြည်သူ တွေကိုလုပ်ပြနေတာ ဦးခင်ညွှန် ကိုယ့်လိပ်ပြာ ကိုယ်လုံသလား။ မထင်ပါဘူး။ သံဃာကို သတ်တဲ့ အသင်းအဖွဲ့၏ တာဝန်ရှိသူသံဃာကို ညှင်းဆဲတဲ့အသင်းအဖွဲ့ တာဝန်ရှိသူ အမိန့်ပေးသူ ဦးခင်ညွှန့်မိမိကိုယ်ကို ဗုဒ္ဓဘာသာဝင်တယောက်အဖြစ် ရဲရဲကြီး ကြွေးကြော်ရဲပါသလား။

အရှက်သိက္ခာကြီးလှတဲ့ ဆရာတော်ကြီးတွေ ကျင်ကြီး ကျင်ငယ်တောင် မစွန့်ဝံ့တာတဲ့။ အင်းစိန်ထောင် မိလ္လာစနစ်မှာ စိတ်မသက်သာရှိလှ တဲ့အချိန်၊ ရွှေကွပ်ထားတဲ့ ဘိုထိုင်ရေအိမ်နဲ့ ဦးခင်ညွှန့်ထိုင်ရင်းနှင့် တွေးမိလား။ သာသနာပိုင်ဆရာတော်ဘုရားတွေ ဘယ်လိုရှိမလဲဆိုတာ မျိုးလေးပေါ့။

အဲဒီ ၁၉၉၁ ထောင်ပြောင်းကာလမှာ သံဃာတော်တွေကို ထောင်သွင်းအကျဉ်းချထားချိန်၊ ဆရာတော်တွေကို ခေါင်းစွပ်စွပ်ပြီး ခြေကျဉ်း ခတ်ကာ ထောင်ပြောင်းနေတဲ့အချိန်မှာတော့ မြန်မာပြည်သူများရှေ့တွင် ဦးခင်ညွှန့်တယောက် စမတ်ကျကျ ဝတ်ထားတဲ့ စစ်ဗိုလ်ချုပ်ဝတ်စုံ အပေါ်ကနေ ယောဂီပတ်ကလေး ပတ်လိုက်၊ အဖြုရောင်ပတ်လေး ပတ်လိုက်နှင့် ဘုရားဒကာ ကျောင်းဒကာဘွဲ့ခံနေခဲ့တာကိုရော ပီတိဖြစ် နေကြတဲ့ မြန်မာပြည်သူ ပြည်သားတွေ ဒီကိစ္စတွေ အကုန်သိကြပါ့မလား။

အဲသည့်အချိန်မှာ ထောင်ထဲမှာ ဒဏ်မခံနိုင်လွန်းလို့ ပျံလွန်တော်မူ ရှာရတဲ့ ဆရာတော်တွေရှိနေတယ်ဆိုတာကို မြန်မာပြည်သူပြည်သားတွေ သိကြပါ့မလား။

ထောင်ပြောင်း သံဃာတော်တွေထဲက ကျနော်မှတ်မိတဲ့ ပျံလွန်တော်မူခဲ့ရတဲ့ သရက်တောကျောင်းတိုက် (လမ်းမတော်) ဆရာတော် ဦးအာ စရ (သရက်ထောင်မှာ) ပါ။ ရွေဘုန်းပွင့်ကျောင်းတိုက်က ဦးဇောတိက (ခြေတဖက် မသန်တဲ့ဆရာတော်) အင်းစိန်ထောင် အမှတ် (၅) ဆောင်မှ ပျံလွန်တော်မူသည်။

ကျနော် ၀တ္တုရေးနေတာမဟုတ်ပါ။ ကြုံတွေ့လိုက်ရတဲ့ မြန်မာပြည်ဒီမိုကရေစီ သမိုင်းအချိုးကွေ့ကပုံရိပ်တွေကို လှည့်စားနေသူများအား မီးမောင်းထိုးပြနေခြင်းသာ ဖြစ်ပါသည်။

အခုကျနော်ရေးသည့်အချက်အလက်များကို ကျနော်တယောက်ထဲ သက်သေရှိခြင်းမဟုတ်ပါ။ ထို အချိန်က ခံစားခဲ့သူအားလုံး သက်သေရှိနေတာပါ။ ကျနော်က ဒီအချက်လက်များကို ဖြန့်ဝေပေးတဲ့ သဲတပွင့်သာ ဖြစ်သည်။ အစဉ်လာ ကြီးမားတဲ့ သမိုင်းအချိုးကွေ့တွေကို ဖြတ်သန်းမြင်လိုက်ရတဲ့ အညတြရတိုက်ပွဲဝင် လူငယ်တဦးသာ ဖြစ်ပါသည်။ ကျနော်ရေးနေခြင်းသည် သမိုင်းကို မြင်လိုက် ရသည့်ဖက်ကနေ သိသမျှကိုရေးပေးနေခြင်းပါ။ ခံယူမှု လက်ခံမှုက တဦးချင်းစီ၏ ပုဂ္ဂလိကခံယူမှု အခွင့်ရေးသာဖြစ်သည်။

● ကံဆောင်ရခြင်းနောက်ခံနှင့် ဦးခင်ညွှန့်သို့မေးခွန်းများ

၁၉၉၀ ခုနှစ်မှာ ရှစ်လေးလုံးနှစ်ပတ်လည်နေ့အတွက် မန္တလေးမြို့မှာ ဆွမ်းလောင်းကိုပွဲကို န၀တတိုင်းမှူး ဗိုလ်ချုပ်ထွန်းကြည်က သံဃာ တော်တွေကို မကြွရဘူးတားမြစ်သည်။ သံဃာထုကလည်း ဒါဟာဆွမ်းလောင်းတာ ၀ိနည်းအရ ရှောင်ဖယ်လို့မရဘူးဆိုပြီးမိန့်ကာ ဆွမ်းခံကြွ လေတော့ ရုပ်ပျက်ဆင်းပျက်ဖြိုခွင်းပါသည်။ ဆွမ်းသပိတ်များကိုင်ဆောင်ကြွလာတဲ့ သံဃာတော်များကို န၀တ စစ်အစိုးရက သက္ကင်္န်းတွေဆွဲ ချွတ်၊ သပိတ်တွေလွှင့်ပစ်ကာ အကြမ်းဖက်ဖမ်းဆီးတာကို သံဃာတော်တွေဖက်မှ မခံနိုင်သောရဟန်းပျိုများက ပြန်လည်တုန့်ပြန်ရိုက် ပွဲဖြစ်ရာ၊ န၀တဖက်မှ ပစ်ခတ်နှိမ်နင်းမှုများလုပ်သဖြင့် စက်တင်ဘာလတွင် မန္တလေးတိုင်းမှ ဆရာတော် သံဃာတော်များက ၀ိနည်းတော် အတိုင်း သပိတ်မှောက် သံဃာကံပြုတော်မူပါသည်။

ရန်ကုန်မြို့မှ တိပိဋကဓရဆရာတော် အရှင်သုမင်္ဂလာလင်္ကာရအမှူးပြုသော သံဃာတော်များက အောက်တိုဘာလ (၃) ရက်နေ့တွင် သပိတ်မှောက် သံဃာကံပြုလုပ်သည်။ အဲဒီအချိန်မှာ ကထိန်ခင်းခြင်းနှင့် သံဃာ့စာမေးပွဲပြီးတဲ့အချိန်ဆိုတော့ န၀တစစ်အစိုးရအုပ်စုမှ အဓိ ကမင်းသားကြီး ဦးခင်ညွှန့်ကျောင်းတိုက်တွေကို လှူဘွယ်ပစ္စည်းများကပ်လှူပါသည်။ တကယ်ဆိုရင် နှစ်စဉ် ၂ လပိုင်းလောက်မှ ကျင်း ပ လေ့ရှိသော သံဃာစာမေးပွဲဆုဆက်ကပ်ခြင်းကို ဦးခင်ညွှန့်က အဲဒီလမှာပဲ ချက်ချင်းလုပ်သည်။ ဆရာတော် သံဃာတော်တွေက အလှူခံ ခြင်းမပြုလေတော့ ထိပ်တိုက်တွေ့ဆုံခြင်းကိုခံရလို့ ဒေါသသူပုန်ထသူက ဦးခင်ညွှန့် ဘယ်လိုကြမ်းရမ်းခဲ့သလဲကို သူကိုယ်တိုင်မှတ်မိမှာပါ မေးကြည့်ကြပါ။ အဲဒီအချိန်ကျမှ များလိုက်တဲ့ သံဃာအတုအယောင်အမှုတွေက နေ့စဉ်လိုလို သတင်းစာမှာပေါ်ထွက်လာလိုက်တာမှ ထူးထူးဆန်းဆန်း ဖြစ်နေတော့သည်။ သံဃာ့ကံဆောင်ခြင်းမပြုသော သံဃာတော်အချို့ကို ဦးခင်ညွှန့်တီဗွီများ ဆက်ကပ်လှူဒါန်းနေပုံကို နိုင်ငံပိုင်သတင်းစာများ၏ မျက်နှာဖုံးမှာတွေ့ပေမည်။

ကမ္ဘာအေးသို့ န၀တစစ်အစိုးရဖိအားပေးပြီး သပိတ်လှန်ရမည် အမိန့်ထုက်စေသည်။ ညမထွက်ရ အမိန့်ထုတ်ထားသည့် ၁၉၉၀ ခုနှစ် ဒီဇင် ဘာလ ၅ ရက်နေ့ညမှစတင်ပြီး သံဃာတော်များကို ခေါင်းစွပ် စွပ်ကာဖမ်းဆီးသည်။ စစ်ကားပေါ်ဆွဲတင်ကာ စစ်ထောက်လှမ်း၏ စစ်ကြော ရေးသို့ ပို့ဆောင်စစ်ဆေးသည်။ စစ်ကြောရေးတွင် သံဃာတော်များကို သင်္ကန်းတော်များ အတင်းဆွဲချွတ်ခြင်းအမှုကို ဦးခင်ညွှန်၏ အမိန့် ကြောင့်မလုပ်လျှင် ဘယ်သူလုပ်ရဲပေမည်နည်း။ မာန်ဟုန်ပြင်းပြင်း အာဏာစက်ကြီးမားလှသည့် ဗိုလ်ချုပ်ခင်ညွှန့်ဘ၀က ဟန်များ မာန်များ ကို ထိုအချိန်က သတင်းစာများ တီဗီသတင်းများမှာ ပြန်ရှာကြည့်ပေတော့။

ဒီတော့ သပိတ်မှောက်ရသည့် သံဃာတော်တွေကို အာဃာတတရားကြီးစွာနှင့်ဖြိုခွင်း အကျဉ်းချသူက န၀တ အထွေထွေအတွင်းရေးမှူး (၁) စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်ဖြစ်ကြောင်း ကျေးဇူများကို မသိသေးသူများ အမှတ်ရပါစေကုန်။ တိပိဋကဓရ ဆရာ တော် အရှင်သုမင်္ဂလာလင်္ကာရ မြစ်ကြီးနားထောင်မှာ ၉ နှစ်လောက် အကျဉ်းချခံ သီတင်းသုံးရပြီးနောက် ပြန်လွတ်လာပြီး မကြာခင်မှာ ပျံလွန်တော်မူရှာလေသည်။

ထိုသို့ ပျံလွန်တော်မူချိန်ကျမှ ဦးခင်ညွှန့်တယောက် ဘာလို့များ အကျယ်ချုပ်ဘ၀နှင့် သွားဖူးတာလဲဆိုတာကို သိချင်သည်။ မေးပေးကြပါ။ မိမိမှာ တာဝန်အရလုပ်ရသည်များ ရှိသည် အစချီသည့် မီဒီယာများမှာ ဦးခင်ညွှန့်ပြောတာကို ပြန်မေးချင်တာက ထိုအချိန်မှာ ဦးခင်ညွှန့် အခြားနည်းလမ်း ဖြေရှင်းစရာ မရှိဘူးလား။ တကယ်ပဲလား။
————————————-

အချက်အလက်အချို့ကို ဆွမ်းကြွခါနီး ဖုန်းကိုင်ပေးတော်မူကာဖြေကြားပေးသည့် သုံးကြိမ်တိတိ နိုင်ငံရေးအကျဉ်းသားဖြစ်သည့်တိုင် ပြည် သူဖက်ကရပ်တည်သော ဆရာတော်ဦးပညာဇောတ၏ကျေးဇူးတော်ကို ဦးတင်လိုက်ရပါသည်။ အင်းစိန်ထောင် အမှတ်သုံးဆောင်မှ နိုင်ငံရေးအကျဉ်းသားဟောင်း ပြည်တွင်းမှာ သီတင်းသုံးတော်မူသည့် ဦးဇင်းဘုရားကိုလည်း ဦးတင် လိုက်ပါသည်။ ပြည်တွင်းက အကိုတော်ကြီး (အမှတ်သုံးဆောင်)၊ အမေရိကန်ပြည်ထောင်စုရှိ သူငယ်ချင်း ကိုဇေယျာဝင်း၊ ကိုဂျွန်ဂလင်း တို့နှင့်အတူ ကျနော် သုံးဆောင်မရောက်ခင် ထောင်ပြောင်းခံရတဲ့ ကိုမင်းနိုင် (Buffalo, New York) တို့အား အချက်အလက်များအတွက် ကျေးဇူးတင်ရှိပါသည်။
—————————————————-

ရေးပေးဖို့ ပြည်သူတွေကိုယ်စားတောင်းဆိုတာကတော့ အကိုချိုတူးဇော်ဖြစ်ပါတယ်။ တချိန်လုံးပြောရုံမက wall မှာလာရေးသူက မနန္ဒာ ဖြစ်သည်။ ကျနော်တာဝန်ကို ကျနော်ကျေအာင် ရေးပေးလိုက်ပါပြီ။ တခုပြောချင်တာ ဒီစာလုံးတွေကိုရေးတာ လက်နဲ့မဟုတ်ပါဘူး။ နှလုံးသားနှင့်ရေးတာ စာဖတ်သူတို့ မထင်မှတ်တဲ့ စာလုံးအချို့မှာ ကျနော့်မျက်ရည်ပေါက်တွေရှိပါတယ်။


ရဲမင်းထွန်း

ဆက်လက်ပြီး ဖော်ပြပေးပါမည်။

source by : http://moemaka.com

ဆက်ဖတ်မယ်...

ရွှေဝါရောင်မှာ အပိတ်ခံရကျောင်းတွေ ပြန်ဖွင့်သူ သံဃာများ သတိပေးခံရ

ရွှေဝါရောင် သံဃာလှုပ်ရှားမှုကာလမှာ အာဏာပိုင်တွေက စီးနင်းသိမ်းယူ ချိတ်ပိတ်ခဲ့တဲ့ ရန်ကုန်တိုင်း အတွင်းက ကျောင်းတိုက်တွေကို၊ နိုင်ငံရေးအရ အကျဉ်းကျပြီး မကြာခင်က ပြန်လွတ်လာတဲ့ သံဃာတော် အချို့က သော့တွေ ရိုက်ချိုးပြီး ကျောင်းတွေ ပြန်ဖွင့်ပေးခဲ့ပါတယ်။ ပိတ်ခံရတဲ့ အချို့ကျောင်းတွေမှာ သက်ဆိုင်ရာ သံဃာတော် တွေ ပြန်လည်သီတင်းသုံးနေပြီး အချို့ကျောင်းတွေမှာကျောင်းဖွင့်ခဲ့ပေမဲ့ သံဃာတော်တွေ သီတင်းသုံးခွင့်မရသေးပါဘူး။ ဒီလို ပိတ်ထားတဲ့ကျောင်းတွေကို ပြန်ဖွင့်တာဟာ ၀ိနည်းနဲ့ မညီညွတ်ဘူးဆိုပြီး နိုင်ငံတော်သံဃာ့မဟာနယက (မဟန) က အဲဒီ ကျောင်းတွေကို ဖွင့်ပေးခဲ့တဲ့ သံဃာ တော်တွေကို သြ၀ါဒပေးဖို့ ဆင့်ခေါ်ထား ပါတယ်။ မအေးအေးမာက သတင်းပို့ထားပါတယ်။

နိုင်ငံတော်သံဃာမဟာနာယကအဖွဲ့ဟာ နိုင်ငံရေးကြောင့်အကျဉ်းကျပြီးပြန်လွတ်လာတဲ့ ဦးဂမ္ဘီရ အပါအ၀င် သံဃာတော်ငါးပါးကို အရေးယူဖို့အတွက် စာနဲ့ ဆင့်ခေါ်ခဲ့ကြောင်းမဂ္ဂင်ကျောင်းတိုက်က ဆရာတော် ဦး ကအခုလို မိန့်ပါတယ်။

“ခွင့်ပြုချက်မရှိပဲ ပြစ်မှုကျူးလွန်နေသော ရဟန်းများကိစ္စတင်ပြခြင်းနှင့် စပ်လျဉ်း၍ ၂၅-၁-၂၀၁၂ နေ့တွင် ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော်သံဃာ့မဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ)၏ ဆဋ္ဌမအကြိမ် ပထမ အထူးအစည်းအဝေးက ဖော်ပြပါအတိုင်း ဆုံးဖြတ်ပါသည်။ ဆုံးဖြတ်ချက် - ပြစ်မှုကျူးလွန်နေသော ဦးဂမ္ဘီရ၊ ဦးဤသရိယ၊ ဦးပဏ္ဍ၀ံသ၊ ဦးဝိသုဒ္ဓ၊ ဦးပညာသီဟတို့အား - သို့ဖြစ်ပါ၍ အထက်အပိုဒ် (၁) ပါဆုံးဖြတ်ချက် အရ ပြစ်မှုကျူးလွန်နေသော ရဟန်းတော်များ သည် ၂၇-၁-၂၀၁၂ သောကြာနေ့ မွန်းလွဲ ၁၂း၃၀ နာရီအချိန် ကမ္ဘာအေးကုန်းမြေ ဥတ္တရကုရု ကျောင်းဆောင် အစည်းအဝေးခန်းမသို့ ကြွရောက်သတင်းပို့ရန် အကြောင်း ကြားပါသည်တဲ့။”

ချိတ်ပိတ်ခံထားရတဲ့ ဘုန်းကြီးကျောင်းတွေဟာ ၂၀၀၇ခုနှစ် ရွေဝါရောင်လှုပ်ရှားမှုဖြစ်တဲ့အချိန်မှာ အဲဒီ ကျောင်းဝင်းတွေထဲကို စစ်တပ်နဲ့ ပြည်ခိုင်ဖြိုး စွမ်းအာရှင်တွေ ၀င်ပြီး ဘုန်းကြီးတွေကို သင်္ကန်းတွေ ဆွဲချွတ် ရိုက်နှက်ပြီး ကျောင်းတိုက်တွေက ပစ္စည်းတွေဖျက်ဆီးခံခဲ့ရတာပါ။ အခုသံဃာတော်တွေ ပြန်လွတ်မြောက် လာချိန်မှာ သူတို့နေထိုင်စရာနေရာအခက်အခဲကြောင့် သူတို့ရဲ့ကျောင်းကို ပြန်ပြီးဝင်ခဲ့ရတယ်လို့ဆိုပါတယ်

“သူတို့ ချိတ်ပိတ်ထားတာတို့ကို စာတွေဘာတွေတင်တာနဲ့ ကြာနေတာပေါ့။ ကြာနေတော့ ကိုယ်တော်တွေမှာ သတင်းသုံးစရာနေရာ မရှိဘူးလေ။ ဒီပြင်ကျောင်းတွေက လည်း အကျဉ်းထောင်ကပြန်လာတဲ့ ကိုယ်တော် တွေ ဖြစ်နေတော့ လက်မခံရဲကြဘူးပေါ့နော် ကိုယ်တော်တွေက ညအချိန်ရောက်တဲ့အခါကျတော့ ကျိန်းစရာ မရှိတော့ အဲဒိလိုဘဲ ဖွင့်ပြီးဝင်ရတာပေါ့။”

သံဃာတော်တွေ ချိတ်ပိတ်ထားတဲ့ကျောင်းကို ဖျက်ဝင်တာဟာ သံဃ့ာဝိနည်းနဲ့ ညီခြင်းရှိမရှိကိုတော့ နိုင်ငံရေး အကျဉ်းသားဟောင်းဖြစ်ခဲ့တဲ့ဆရာတော် ဦးဇ၀နက အခုလိုမိန့်ပါတယ်။

“ချိတ်ပိတ်ပြိးကျောင်းကိုဝင်တဲ့ကိစ္စက ကျောင်းပြသနာတက်လို့ ၀ိနည်းအရ ပိတ်ထားတဲ့ကျောင်းကို ၀င်တယ် ဆိုရင်တော့ ဖျက်ဝင်တဲ့သံဃာတွေမှာ အပြစ်ရှိတာပေါ့။ ဒါမှမဟုတ်ဘဲ ကျောင်းကိုဓါးမြတိုက်သလို သိမ်းထား တဲ့ အချိန်တုန်းကလည်း ၀ိနည်းကြောင်းအရ မဟုတ်ဘဲနဲ့  သူတို့သိမ်းချင်းသလို သိမ်းထားပြီးတော့ သံဃာ တွေက ကိုယ်ပစ္စည်းကိုယ်ဝင်ယူတာ ၀ိနည်းအရ အပြစ်မရှိပါဘူး။ ဒါက သက်ဆိုင်ရာ သံဃာ့အဖွဲ့အစည်းတွေ လည်းသိပါတယ်။ ဒီကိစ္စက သူတိုသိမ်းစဉ်အခါက သူတို့ ဘယ်လို ၀ိနည်းကြောင်းနဲ့မှ သိမ်းခဲ့တာမဟုတ်ဘူး။ နိုင်ငံရေးအရ လုံးဝမကျေနပ်လို့ နိုင်ငံရေးအရ ဘုန်းကြီးတွေကျောင်းတွေကို ကလဲ့စားချေတဲ့အနေနဲ့ ဒဏ် ခတ်တဲ့အနေနဲ့ အဲဒီလို လုပ်တာကျတော့ ၀ိနည်းကြောင်းအရ လုပ်တာမဟုတ်ဘူး။

အဲဒီအချိန်တုန်းကတော့ သံဃာအဖွဲ့အစည်းတွေက အစိုးရလုပ်တာကို တရားသလို မှန်ကန်သလို ငြိမ်နေပြိးတော့ အခုလို အချိန်မှာ လည်း ဆက်ပြိးတော့ ငြိမ်နေမယ်ဆိုလို့ ရှိရင် အစိုးရလုပ်ချင်သလိုလုပ် ကိုယ့်ဝိနည်းကိုတောင်မှ သံဃာတွေ က ကာကွယ်တဲ့ အနေအထားမရှိတဲ့ အဖြစ်ကိုရောက်သွားမယ်။”

အခု မဟန ကဆင့်ခေါ်တာကတော့ မြို့နယ်အုပ်ချုပ်ရေးမူတွေကနေ တိုင်ကြားတာကြောင့်လို့ သံဃာတွေက ဆိုပါတယ်။ အခုအခါမှာတော့ မြန်မာအာဏာပိုင်တွေက သံဃာ့ကိစ္စတွေကို ကိုင်တွယ်ရာမှာ နိုင်ငံတော် သံဃာ့မဟာနာယကကို အသုံးပြုပြီး ကိုင်တွယ်လာတယ်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း သံဃာတချို့က ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရွေည၀ါဆရာတော်ကို တရားဟောတဲ့အတွက် ကျောင်းတိုက်ကနေ ဖယ်ရှားပေးဖို့ ဖိအားပေးခဲ့သလို ပြီးးခဲတဲ့ရက်ပိုင်းကပဲ တရားဟောတဲ့ ဒယ်အိုးဆရာတောဦးသုမင်္ဂလကိုလည်း ပြည်ခိုင်ဖြိုးနဲ့ စွမ်းအားရှင်တို့က နှောက်ယှက်ခဲ့တာပါ။ အခုအခါမှာတော့ မိမိကျောင်းတိုက်ကို ၀င်တာကို ၀ိနည်းအရ မညီ ဘူးဆိုပြီး အရေးယူဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com
ဆက်ဖတ်မယ်...

ပါကစ္စတန် သမ္မတ အဇစ်ဖ်အလီဇာဒါရီနှင့်အဖွဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် တွေ့ဆုံနှုတ်ဆက်ပြီး ‘ဘနာဇာဘူတို’ ဒီမိုကရေစီဆု ချီးမြှင့် (ရုပ်/သံ)



source by : http://www.youtube.com/user/mgbamar1969
ဆက်ဖတ်မယ်...

အကျဉ်းထောင်မှ လွတ်မြောက်ပြီး ၉ ရက်အကြာတွင် ကွယ်လွန်ခဲ့ရသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူ၏ ဈာပန(ရုပ်/သံ)



၂၀၀၂ ခုနှစ်က ဗုံးဖောက်ခွဲမှုခေါင်းစဉ်တပ်ပြီး တသက်တကျွန်း ထောင်ဒဏ် ချမှတ်ခံခဲ့ရတဲ့ ကိုသက်နွယ် (ခ) ကိုငြိမ်းလူ ဟာ ထောက်လှမ်းရေး ၂၆ ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ စစ်ကြောရေးကြောင့် ဦးနှောက် အာရုံကြော ရောဂါရရှိခဲ့ပြီး အင်းစိန်ထောင်တွင်း အဆုတ်ထဲရေဝင်တဲ့ရောဂါ၊ အသည်းရောဂါ စတဲ့ ရောဂါမျိုးစုံနဲ့ ဇန်နဝါရီလ ၁၃ ရက် လွတ်ငြိမ်းချမ်းသာခွင့်ရပြီး ၉ ရက်အကြာ ဇန်နဝါရီလ ၂၂ ရက်နေ့က ကွယ်လွန် သွားခဲ့ပြီ ဖြစ်ပါတယ်။

ကိုသက်နွယ်ရဲ့ ကျန်ရစ်တဲ့ရုပ်ကလာပ်ကို ဇန်နဝါရီလ ၂၄ ရက်နေ့က ရေဝေးသုဿန်မှာ ပို့ဆောင် မီးသဂြိုလ်ခဲ့ပြီး ကိုမင်းကိုနိုင်၊ ကိုကိုကြီး စတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေ၊ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဗကသ ကျောင်းသား ခေါင်းဆောင်တွေ၊ အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့ဝင်တွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် တွေက ဈာပန အခမ်းအနားကို လာရောက်ခဲ့ကြပြီး နောက်ဆုံး ဂါရဝပြု နှုတ်ဆက် ခဲ့ကြပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia
ဆက်ဖတ်မယ်...

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ ညစာဖြင့် တည်ခင်းဧည့်ခံ (ရုပ်သံ)



ဇန်န၀ါရီလ ၂၄ ရက် ညနေ ၆နာရီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကိုမင်းကိုနိုင် အပါအဝင် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာတွေ့ဆုံခဲ့ပြီး ညစာစားပွဲနဲ့ တည်ခင်းဧည့်ခံခဲ့ပါတယ်။

ညစာစားပွဲအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များဟာ ဖြတ်သန်းမှု အတွေ့ အကြုံအသီးသီးကို ရင်းနှီးပွင့်လင်းစွာ ပြောဆိုခဲ့ကြပါတယ်။

source by : http://www.youtube.com/user/BurmaVJMedia
ဆက်ဖတ်မယ်...

အကျဉ်းထောင်တွင်း ဆရာတော်ကြီးများနှင့် သံဃာတော်များ သီတင်းသုံးရပုံ (ဦးခင်ညွှန့် သာဓုခေါ်စေရန်..)

ဦးခင်ညွှန့်တယောက် နေအိမ်အကျယ်ချုပ်ကနေလွတ်လာတော့ ၀မ်းသားအားရကြိုဆိုသူတွေ ရိုသေလေးစားသူတွေမြင်တော့ မုဒိတာပွားပါ သည်။ ထို့အတူ ကျနော်က ဦးခင်ညွှန့် သာဓုခေါ်ရအောင်။ ဦးခင်ညွှန့် ပြုပြုသမျှ ကုသိုလ်တွေထဲ ကျနော်တို့လို မလိမ်မိုး မလိမ်မာလေးတွေ ထောင်ထဲမှာ သိက္ခာတော်ရဆရာတော်တွေ ဖူးမျှော်ရလေအောင် ပင့်ဆောင်ပေးထားခဲ့သော ကျေးဇူးကုသိုလ်။


မုဒိသာလေးပွါးလို့ရအောင် သံယာတော် ဆရာတော်တွေဖြတ်သန်းခဲ့တဲ့ ထောင်ချတဲ့အမိန့်ချသည့် စစ်ခုံရုံးနှင့် ထောင်ကျထောင်မှူးရုံးခန်း အဆောင်ထောင်မှူးရုံးခန်းများကို ကျနော်ဖြတ်ခဲ့တာတွေ ရေးသားပေးလိုက်မည်။ သို့မှသာ ဆရာတော်တွေ သံဃာတော်တွေ ဖြတ်သန်းခဲ့ တာကို အများပြည်သူမျက်စိထဲ မြင်နိုင် တွေးနိုင်ပြီး ဘုရားတကာ ကျောင်းတကာ ဦးခင်ညွှန်၏ ကုသိုလ်အစုစု သဒ္ဓါထုတို့ကို သာဓုခေါ်နိုင်ပေ မည်။ ဗုဒ္ဓဘာသာနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံမှာ န၀တ ဆွမ်းကွမ်းအလှူဒါနကို ကံဆောင်တော်မူတဲ့ အရှင်သူတော်မြတ်များကို အကျဉ်းချ လိုက်သည့်အတွက်၊ သံဃာတော်အရှင်သူမြတ်များမှာ ထောင်တွင်းကျပ်တည်းစွာ သီတင်းသုံးရခြင်း၊ ဆွမ်းကွမ်း မပြည့်မစုံ ဘုန်းရခြင်း၊ ရုပ် ပိုင်း စိတ်ပိုင်း နှိပ်စက်ခံရခြင်းများဖြစ်သော ထောင်ပြောင်းရွှေ့သီတင်းသုံးရခြင်း၊ ထောင်တွင်းမှာ ပျံလွန်တော်မူခြင်း စသည့် ဦးခင်ညွှန်၏ ကုသိုလ်များကို အမျှဝေပေးပါသည်။ ဦးခင်ညွှန့်နှင့်အတူ အားလုံးသော သာဓုခေါ်ဝံ့သူများ သာဓုခေါ်ကြပါလေကုန် …. …

● နိဒါန်းအနေနှင့် စစ်ခုံရုံးလုပ်ပုံကို ပြောပြမည်

ကျနော်ထောင်ကျတော့ စစ်ခုံရုံးအမှတ် (၁) ဒု-ဗိုလ်မှူးကြီးလှရွှေ (ကြည်း)၊ ဗိုလ်မှူးအောင်ရင် (လေ)၊ ဗိုလ်မှူးအေးကို (ရေ) တို့က ကျနော့် အမှုကို စီရင်တာဖြစ်သည်။ တရားစီရင်တာလည်း ပွင့်ပွင့်လင်းလင်း မျှမျှတတရှိပါသည်။ ထောင်ဗူးထဲကနေ ကျနော်ရယ်၊ မရင်ရင် (လသာ) ကို လက်နက်ကိုင်စစ်သားအခြံအရံတွေ ခြံရံပြီး ရုံးထုတ်လာပါတယ်။ ဒီနောက်မှာတော့ အောက်ပိုင်းတဝက်က အုတ်၊ အပေါ်ပိုင်းက သံ ဇကာနဲ့ကာထားတဲ့ (၁၀) ပေပတ်လည် အပြာရောင်အဆောက်ဦးထဲမှာ ထည့်ထားလိုက်ပါတယ်။ တရားလိုအဖြစ် အမည်မသိအရပ်ဝတ် အာဏာကြီးသူတဦးနဲ့ ဗဟန်းရဲစခန်းက ရဲအုပ်တဦးရောက်လာပြီးတော့ ကျနော်တို့ကို…. “ညီလေးတို့ မင်းတို့ကို စစ်ခုံရုံးက အမိန့်ချမယ် ၀န်ခံလိုက်ရင် မင်းကို ငါးနှစ်၊ ညီမလေးကို လေးနှစ်ပဲချမှာလို့” စေတနာဗလပွနဲ့ လာသင်ပေးတယ်ဗျ။

ကျနော်နှင့် မရင်ရင်တို့ကတော့ တိုင်ပင်ထားသလိုပါပဲ ဘာမှကိုပြန်မပြောဘဲ ပြုံးပြလိုက်ပါတယ်။ ခဏနေတော့ မသန္တာချိုကိုလည်း ထုတ် လာပြီး ကျနော်တို့ရှိနေတဲ့ အခန်းလေးထဲပဲ ထည့်လိုက်ပါတယ်။ ကျနော်တို့ တိုင်ပင်ထားတာက ရုံးထွက်တိုင်း စစ်ခုံရုံးတင်တဲ့နေမှာ ပျော် ရွှင်စွာနေဖို့နဲ့ အဖြူရောင် ရှပ်အကျီနှင့် ယောဂီယောင် ယောပုဆိုးတွေဝတ်လာဖို့ပါပဲ။ သုံးယောက်လုံး ဖြူဖွေးနေတဲ့ မန္တလေးရှပ်အဖြူ လက် တိုကိုယ်စီနှင့် ယောပုဆိုး၊ ယောထမိန် ၀တ်ထားတဲ့ ပြုံးရွှင်ရယ်မောနေတဲ့ ကြောက်ရွံထိန့်လန့်တဲ့ ဟန်အမူအရာ အလျဉ်းမရှိတဲ့လူငယ်သုံးဦးကို စောင့်ကြပ်နေရတဲ့ ၀တ်စုံပြည့်နှင့် စစ်သားများက တအံ့တသြကိုကြည့်ကြပါတယ်။ အဲဒီလိုကို သူတို့ကို အံ့သြစေချင်တာ ကျနော်တို့ဆန္ဒပါ။

သူတို့ထဲက အသက်ကြီးကြီး (၂) ရစ်နှင့် တပ်ကြပ်ကြီးက “ကောင်လေးတို့ မင်းတို့ကိုအမိန့်ချမှာကွ ဒီနေ့။ တောင်းပန်လိုက်ပေါ့ကွာ အဘ ကြီးတွေက သနားမှာပါ။ မင်းတို့ရုပ်ကလေးတွေ သနားကမားနဲ့” လို့ပြောလိုက်တာကို မရင်ရင်နှင့် မသန္တာချိုတို့ရယ်လိုက်တာ မှတ်မိ ပါသေးတယ်။ ထိုလူကြီးလည်း ဆက်မပြောတော့ဘဲ ကျနော့်ကို ဆေးလိပ်သောက်လားလို့ မေးတော့ ကျနော်လည်း သောက်တယ်ပြောတော့ စီးကရက်တလိပ်ထုတ်ပြီး မီးညှိပေးပါသည်။ ကျနော်အားရပါးရ ဟန်နှင့် ပန်နှင့် ရှိုက်ဖွာတာကို အမတော်နှစ်ယောက်က မျက်စောင်းထိုးလို့ အပိုးပြန်သတ်ရကာ ရှိုးပဲ့ရပါသေးတယ်။

အချိန်ကျတော့ ကျနော်တို့ကို စစ်ခုံရုံးခမ်းမကျယ်ကြီး (နောက်ပိုင်း အင်းစိန်ထောင်မှ လွတ်ငြိမ်းချမ်းသာနှင့်လွတ်သူများကို သြ၀ါဒပေးသော ခန်းမ) ခေါ်သွင်းလာပါတယ်။ အရှေ့အနောက် ဘယ်ညာရိုက်သံ ညီညီညာညာနှင့် စစ်သားတွေခြုံရံပြီး ၀င်ခဲ့ရတဲ့အရသာလေး မှတ်မိ သေးတယ်။ (ငယ်တော့လည်း ဘ၀င်မြင့်တာများ…. ငါ့တို့ကို ဒီလိုကြီးကြီးကျယ်ကျယ်တောင်လုပ်ရတယ်ဟဆိုပြီး ကြံဖန်ပြီးဂုဏ်ယူနေတာ စိတ်ထဲမှာ)။ အမှန်က ငရဲတွင်းထဲကို အခမ်းအနားနဲ့ ပို့တာပေါ့ဗျာ။

နောက်တော့ စစ်ခုံရုံးအရာရှိတွေရောက်လာတယ်။ နိုင်ငံတော်အလံကို အလေးပြုပြီး ကျနော်တို့ထိုင်ရတယ်။ ဖတ်လိုက်တာ၊ ပြောလိုက်တာ တွေကလည်း စုံလို့။ တခုပဲ တဦးစီ ဖြောင့်ချက်ယူမျှပုံက“ရဲမင်းထွန်း နိုင်ငံတော် ဖျက်ဆီးနှောက်ယှက်သောလှုပ်ရှားမှုတွေ လုပ်ရပ်တွေ လုပ်ခဲ့တဲ့မင်းမှာ အပြစ်ရှိသလား” တဲ့။ ကျနော်က “မရှိပါ” လို့ ဖြေတော့ …. “ဟေ” တဲ့ ။

နောက် မရင်ရင်အလှည့်လည်း မရင်ရင်က “မရှိပါ” လို့ ဖြေတယ်။

တရားလိုလုပ်သူကထပြီး ၁၉၈၉ မှာ စစ်ထောက်လှမ်းရေးဖမ်းဆီးတာကို အကြမ်းဖက်ပြီးထွက်ပြေးသည်မှစ၍ ကိုဘိုနီအောင်နှင့် အတူပေါင်း သင်း လှုပ်ရှားသည်အဆုံး ပြန်ဖတ်ပြီး “အပြစ်ရှိပါသလား” မေးပြန်တယ်။
ကျနော်ကလည်း “မရှိပါ” ပဲပေါ့။

အမိန့်ချမယ့် စစ်ခုံရုံးအရာရှိတွေက အခုခုံရုံးခေတ္တနားမယ် တရားလိုကို မင်းတို့ သေသေချာချာလုပ်ကွာဆိုတဲ့ အဓိပ္ပါယ်နဲ့ စကားတွေပြောပြီး ခုံရုံးခဏနားလိုက်တယ်။

ဒီတော့မှ စစ်ထောက်လှမ်းရေးလို့ ထင်ရတဲ့လူကလာပြီး “မင်းပေးထားတဲ့ဖြောင့်ချက်လေကွာ မင်းစစ်ကြောရေးပြန်သွားမလား” လို့ ချိမ်း ခြောက်မေး မေးတော့ မရင်ရင်က ၀င်အော်ရော။ “ကျမတို့က မမှန်ဘူးလို့ ငြင်းနေလို့လား၊ အပြစ်မရှိဘူးပြောတာလေ၊ ဘာအပြစ်လဲ” လို့ ပြန်ပြောပစ်လိုက်တယ်။ ခဏနေတော့ စစ်ခုံရုံးပြန်စတယ်။ ပြန်ဖတ်တယ်။ အပြစ်ရှိလားဆိုတော့ … ကျနော်တို့က “မရှိပါ” မှ တပြားမှ မလျှော့ဘူး။ ရယ်ဖို့တော့ တော်တော်ကောင်းသားဗျ။ ဘာနှင့်တူနေလဲဆိုတော့ ရုပ်ရှင်ရိုက်ကွင်းမှာ ကပ် ကပ် လုပ်သလိုဖြစ်နေတယ်။ သူတို့ကလည်း သူတို့လိုချင်တဲ့ ပုံစံ(အဖြေ) မရမခြင်း ထပ်ခါထပ်ခါ မေးတယ်။ ကျနော်တို့က “မရှိပါ” ဆိုလိုက်ရင် အရာရှိသုံးယောက်လုံးက ပြိုင်တူ တရားလိုတွေဖက်ကို ကြည့်တယ်။ ကျနော်ဖြင့် ရယ်ချင်လိုက်တာ။

ထောင်ချမှာပဲဗျာ။ တရားသဖြင့်စီရင်တာလည်း မဟုတ်ဘဲနဲ့။ တရားခံပြ သက်သေ၊ တရားခံရှေ့နေ မရှိ၊ ကြားနာသည့် ပရိတ်သတ်မရှိ၊ မိသားစုတောင်မသိတဲ့ တဖက်သတ်စီရင်တဲ့ ဒီတရားစီရင်မှုကိုများ အစီအငေါ် အတိုင်အဖောက်က တည့်ချင်နေသေးတယ်။ တကယ်ဆို စာအိတ်ဖောက်ဖတ်ပြီး အမိန့်ကိုချတာပါ။ ဦးခင်ညွှန်ခေတ်ဆိုတော့လည်း အရာရာကို မျှတကြောင်းပြချင်တဲ့အထာနှင့် ရုပ်ရှင်ရိုက်ပြတာ ပေါ့ဗျာ။ ဒီလိုနှင့် စစ်ခုံရုံးပြန်နားရပြန်သည်။

ဒီတခါတော့ အလယ်က ခုံရုံးတရားသူကြီးခေါ်မလား ဘယ်လိုခေါ်မလဲမသိတဲ့ ဒုဗိုလ်မှူးကြီးလှရွှေ (ကြည်း) မျက်ထောင့်ကြီးနီလို့ “ကောင် လေး မင်းတို့ နိုင်ငံတော်ကလူကြီးတွေက သက်ညှာပြီး စီစဉ်စဉ်းစားမှာကို မင်းတို့ ဒီလိုမလုပ်နဲ့။ မင်းတို့ဘ၀ဘဲ ပျက်မှာ။ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တော်မိုက်ကြတာပဲ” လို့ ပြောတယ်။

ဘေးဘယ်ညာက လေတပ်နှင့်ရေတပ်က ဗိုလ်မှူးနှစ်ဦးကတော့ ဘာမှမပြောဘူး ရုပ်သေးရုပ်လိုပဲ အလယ်ကထိုင်ရင် လိုက်ထိုင်တယ်။ ထ ရင် လိုက်ထတယ်။ စာရွက်ကောက်ဖတ်ရင် ဖတ်တယ်ပဲလုပ်နေကြတယ်။ ဒီလိုနှင့် နောက်တကြိမ်ပြန်နားတယ်။ ဒီတခါတော့ နည်းနည်း ကြာသွားတယ်။ ပြီးတော့ ပြန်စတော့ တရားလို ပြန်ဖတ်တယ်။ ဒုဗိုလ်မှူးကြီးက အပြစ်ရှိလားမေးတော့ “မရှိပါ” ထပ်ဖြေတယ်။ တိုက်ပုံ အမဲနှင့် တရားရေးအရာရှိဆိုသူက မတ်တပ်ထရပ်က စစ်ခုံရုံးဥက္ကဌကြီးဆိုလား သဘာပတိကြီးဆိုလား အစချီလိုက်ပြီး …. “ယခုရုံးရှေ့ ရောက် တရားခံရဲမင်းထွန်းနှင့်အပေါင်းပါသည် ၎င်းတို့၏လွဲမှားသောအယူဆများဖြင့် နိုင်ငံတော်ကို ဖျက်ဆီးနှောက်ယှက်ခဲ့ပြီး။ အပြစ်မရှိပါ ဟု ထင်မြင်နေခြင်းသာ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အရေးပေါ်စီမံချက်ပုဒ်မ ၅ (ည) နှင့် မတရားအသင်းဆက်သွယ်မှုဆိုင်ရာပုဒ်မ ၁၇ (၁) တို့ဖြင့် စီရင်ချပေးပါရန် တင်ပြပါသည်” လို့ ပြောလိုက်တဲ့အခါမှာတော့ ဒုဗိုလ်မှူးကြီးက တင်ပြချက်ကို လက်ခံပါကြောင်းနှင့် စီရင်ချက်ချ မှတ်ပေးမည်ဟုဆိုကာ ခဏနားလိုက်ပါတယ်။

ဒီနောက်မှာတော့ သူတို့ကြိုတင်ပြင်ဆင်ထားတဲ့အတိုင်း ကျနော့်ကို ၅ (ည) ၁၇ (၁) နှင့် ထောင်ဒဏ် (၇) နှစ်ကျခံစေဟူ၍လည်းကောင်း၊ မရင်ရင်ကို ၅ (ည) ၁၇ (၁) ဖြင့် ထောင်ဒဏ် (၆) နှစ်ကျခံစေဟူ၍လည်းကောင်းချမှတ်ကာ စစ်ခုံရုံး ရုပ်သိမ်းလိုက်ပါတယ်။ အဲဒီ့နေ့က ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့ပါ။ ကျနော်တို့မှာ အဲဒီတုန်းက နည်းတယ်လို့တောင် ထင်နေသေးသည်။ ဘာလို့လဲဆိုတော့ ကျနော် တို့ဆက်စပ်အမှုတွဲ ကိုဘိုနီအောင်ကို တသက်တကျွန်း ချထားပြီးပြီ။ ကျနော့်ကို အနည်းဆုံး (၁၀) နှစ်လို့ ထင်ကြေးပေးထားကြတာ။

(စစ်ခုံရုံးအပြင်ဆင်ပြောပြတာက ဦးခင်ညွှန့်ရဲ့စီမံခန့်ခွဲပုံကို မှန်းဆနိုင်စေဖို့ ရေးတာဖြစ်တယ်။ ဆရာတော်တွေ သံဃာတွေကို ဒီလိုပဲ ထောင်ချခဲ့တာ မျက်လုံးထဲ မြင်ကြည့်ပါ။)

ထောင်ကျရုံးရောက်တော့ ကိုဇေယျာဝင်း၊ ကိုထွန်းထွန်း၊ ကိုဂျွန်ဂလင်း၊ ကိုသုတအောင် (ကွယ်လွန်) ကိုထွန်းနောင်နှင့် ကိုဝင်းဇော်တို့ကို လည်း ငုတ်တုပ်ကလေးတွေထိုင်လျက် တွေ့ရပါတယ်။ ထောင်ထဲမှာ မှောင်နေလို့တောင် ထောင်ကျရုံးကို မီးမောင်းတွေထိုးကာ ထောင်ကျ အကျဉ်းသားတွေ မှတ်ပုံတင်ပါတယ်။

ကျနော့်ကို ထောင်ကျရုံးထောင်မှူးကြီးက သူ့ရုံးခန်းထဲမှာ ခေါ်တွေ့တယ်။ လူရည်သန့်တဦးပါပဲ။ သူက ကျနော့်ကို ဒီလိုပြောတယ်ဗျ။ “မိုက် လိုက်တာကွာ မင်းကျောင်းမှာ စာမသင်ဖူးဘူးလား Physics မှာအလုပ်ဆိုတာ ဘာလဲ” တဲ့။ “အရွေ့” လို့ ကျနော်ပြန်ဖြေတော့ “အေး မင်း ဒီနေ့ပြန်ပြောခဲ့တဲ့ စစ်ခုံရုံးကလုပ်ရပ်တွေက အရွေ့မရှိဘူးကွ။ မင်းထောင်ကျလာရတယ်” “တကယ်ဆို မင်းက ထောင်ငါးနှစ်လောက်ပဲ ကျမယ်လို့ ငါတို့ထင်တယ်ကွ”

“ဘာပဲပြောပြော မင်းမှန်တယ်ထင်တာကို မင်းရပ်တည်ခဲ့တဲ့အတွက် ချီးကျူးပါတယ်” “မင်းယုံကြည်ချက်တွေ မင်းစိတ်ဓာတ်တွေကို မေ့ လိုက်။ မင်းနဲ့ ငါတို့နဲ့ ရန်သူမဟုတ်ဘူး။ ငါတို့က လက်ခံထိန်းသိမ်းပေးရတဲ့ဌာန” “မင်းအနေနဲ့ ငါတို့ကို ရန်သူလိုသဘောထားပြီး ဆက်ဆံမယ်ဆိုရင် မင်းမှားသွားမယ်။ ဆန့်ကျင်မယ်ဆိုရင် မင်းအိမ်ပြန်ချိန် နောက်ကျသွားမယ် ကောင်လေး။ မင်းကို ငါသနားလို့ ဆုံးမတာ။ ဒီထောင်မှာ အေးေးအဆေးဆေးနေပါ” “ထောင်အပြင် တန်းမရှိဘူးဆိုတဲ့ အရပ်စကားပုံက မှားတယ်ကွ။ ထောင်အပြင် တိုက်ရှိတယ် စစ်ခွေးတိုက်” လို့ အစချီကာဆုံးမစကားကို ရုပ်သန့်သန့် အမည်မသိထောင်မှူးကြီး ပြောလိုက်တာ မှတ်မိနေပါသေးတယ်။

ထောင်ကျသွားပြီပေါ့ဗျာ အမည်- ရဲမင်းထွန်း အဖအမည်-ဦးတင်ထွန်းဝေ ထောင်အမှတ် ၅၀၈၆ (မျဉ်းစောင်း) စီ။ (မှတ်ချက်။ ။ အရင်က ပိုစ့်တခုမှာ ထောင်ကျရက်ကို တနင်္ဂနွေလို့ မှားရေးလိုက်သည်။ ပြန်တိုက်ကြည့်တာ တနင်္လာနေ့သာဖြစ်ပါသည်။) ဒီလိုဆက်ဆံမှု အပြင် ဆင်တွေကို သာသနာပိုင်ဆရာတော်ကြီးတွေ သံဃာတွေဖြတ်သန်းရတာကို တွေးကြည့်ပါ မြင်ကြည့်ပါ။

● ၃ ဆောင်နှင့် ထောင်မှူးသိန်းမြင့်

အမှတ်(၅)ဆောင်မှာ မအေ နှမ အဖွါးပါ မကျန် တိုင်းထွာ ဆဲဆို ရိုတ်နှက်ပြီး ထောင်ပုံစံသင်ကြားပေးသည့် ပုံစံခန်းလူကြီးဗလကြီးနှင့် လူမိုက်များ၏ ထောင်ကျ ပုံစံခန်းကို တညတဖြတ်ကျော်ပြီးနောက်။ အကျီချွတ် ခါးတောင်းကြိုက်ပြီး ပုံစံရပ်ကာ ထောင်ကျမှတ်ပုံတင်ကို နွားသတ်ရုံလို ရင်ပတ်မှာ တံဆိပ်ထုပြီး တင်ရပါသည်။ (ဆရာတော် သံဃာတော်တွေလည်း ဒီလို ကျော်ဖြတ်ရပါသည်။ ဘာလိုလဲဆိုတော့ ထောင်ကျလာရင် အကျဉ်းသားသာ ဖြစ်သည်ဆိုတဲ့ ထောင်ဥပဒေအရ၊ သီးခြား ဦးစားပေးဆက်ဆံမှုမပြုပါ)

(အမှတ် ၃ ဆောင်ကို Google Map မှတွေ့ရပုံ)

ကျနော့်ကို အမှတ် (၃) ဆောင်ပို့လိုက်ပါတယ်။ တန်းစီးသရဲကြီးနှင့် ထောင်မှူးသိန်းမြင့် အုပ်ချုပ်နေတဲ့ (၃) ဆောင်ကို ကျနော် ရောက်သွား တာတော့ ထောင်မှူးသိန်းမြင့်က ဒီလိုသြ၀ါဒပေးတယ်။ “ထောင်ကျသွားပြီဖြစ်တဲ့မင်းကို ငါတို့အကျဉ်းဦးစီးက တိုက်ရိုက်အုပ်ချုပ်တယ်။ ထောင်မှာ မင်းသာ မင်းနဲ့ဆိုင်တယ် မင်းအကြောင်း မင်းပြောရမယ်။ မင်းကိစ္စကလွဲလို့ အခြားအကျဉ်းသားတဦးဦးရဲ့ကိစ္စဆိုတာ မရှိရဘူး။ အများဆိုတာ ထောင်မှာမရှိဘူး။ ရှိခဲ့ရင် ထောင်ဥပဒေနှင့် ဆန့်ကျင်တယ်။ ထောင်ဥပဒေနှင့်ဆန့်ကျင်ရင် အပြစ်ဒဏ်တိုက် (စစ်ခွေးတိုက်)ကိုရောက်မယ်။ ထောင်မှာ အရှင်တွေ သခင်တွေစသဖြင့် ဘွဲ့ထူးတွေမရှိဘူး။ (အဲဒီတုန်းက ဘာကြောင့်ပြောမှန်းမသိဘူး။ ထောင်မှူးရုံးခန်း ရှေ့ မြေပြင်မှာပုံစံဆွဲထိုင်ပြီး နားထောင်ရတာ ညောင်းလိုက်တာ။ နောက်မှသိတော့တယ် ဆရာတော်ကြီးတွေနှင့် အဘသခင်အုန်းမြင့်တို့ ရှိနေတာကိုး)

ပုံစံအော်ရင် ခေါင်းငုံထားရမယ့်အကျဉ်းသားပဲ ထောင်မှာရှိတယ်။ မင်းတို့အကျဉ်းသားတွေကို အကျဉ်းသားလိုပဲ ငါတို့အကျဉ်းဦးစီးက အုပ် ချုပ်တယ်။ အကျဉ်းသားမဖြစ်ချင်ရင် ထောင်ထဲရောက်မလာနဲ့။ ထောင်ထဲရောက်လာရင် ဘာကြီးပဲဖြစ်ဖြစ် အကျဉ်းသားပဲ… ဟုတ်ပြီလား” စသည်သဖြင့် မိန့်ခွန်းရှည်ကြီးကိုမိန့်ဆိုပြီး ကျနော်တို့ စောင်နဲ့ပါလာတဲ့ အ၀တ်အစားကို ရှာဖွေပြီး ပုံစံပုဆိုး ပုံစံအကျီသာ ၀တ်ဆင်ရမည် ဖြစ်ကြောင်းနှင့် အရပ်ဝတ်များကိုဝတ်ဆင်ပါက အပြစ်ဒဏ်ကျခံရမည်ဖြစ်ကြောင်းကိုပါ သတိပေးပါတယ်။

ထောင်မှူးရုံးက အခန်းသတ်မှတ်ပေးလိုက်တော့ ကျနော်က အမှတ် (၄) ခန်းကို ရောက်သွားပါတယ်။ ထောင်ထဲမှ ထုံးစံအတိုင်း နိုင်ငံရေး အမှုအချင်းချင်း ကြိုဆိုပြီး အားပေးစကားပြောကြတယ်။ အဲသည့်မှာ အဘဦးအုန်းမြင့် (သခင်အုန်းမြင့်-လွတ်လပ်ရေးတိုက်ပွဲဝင်)၊ အဘရဲနီ သက်ဝင်း (ခ) သံမဏိစိန်လှတို့နဲ့အတူ ကိုမိုးမြင့် (မဆလ ဦးချစ်လှိုင်သား)၊ ကိုမင်းမင်းခန့် (မွန်ကြီး)၊ ကိုဗညား၊ ကိုစည်သူဝင်း (သာကေတ)၊ ကိုဝင်းသူရကြွယ်(နဂါးလေး)၊ ကိုမြင့်ထွန်းအောင် (ပြည်)၊ ကိုခင်အောင် (ပြည်) မျောက်ညို (စမ်းချောင်း) တို့နဲ့ လူကြီးတွေဖြစ်သော ကိုသီ ဟ (ပြည်)၊ ကိုအေးကြည် (မြောက်ဥက္ကလာ)၊ ဦးအောင်ရွှေ (အရေးတော်ပုံပါတီ)၊ ကိုညီမွှေးတို့နှင့်တကွ နိုင်ငံရေးအကျဉ်းသားများစွာ တွေ့ ရပါတော့တယ်။ (ကျနော့်ဘ၀အတွက် အဖိုးတန်လှတဲ့ ဘဝအတွေ့အကြုံတွေ၊ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးကြိုးပမ်းချိန်သမိုင်း၊ ဖဆပလ ခေတ်သမိုင်းတွေကို ထဲထဲဝင်ဝင် သိရှိခဲ့ရတဲ့၊ နိုင်ငံရေးကို ပိုမိုနားလည်လာအောင် ဘဝနဲ့ရင်းပြီး သင်ကြားခဲ့ရတဲ့ အင်းစိန်ထောင်ကျောင်းရဲ့ အမှတ် (၃) ဆောင်ပါ။)

အခုကျနော်ဖြတ်သန်းရသည်များကို ထောင်သွင်းအကျဉ်းချတဲ့ ဆရာတော်ဘုရားကြီးများ ဖြတ်သန်းရမှာ မလွဲပါ။ ဗုဒ္ဓဘာသာထွန်းကားသော မြန်မာနိုင်ငံမှာ ဖြစ်သင့် ဖြစ်ထိုက်သည်များလား။ ဒီလို သာသနာပိုင်အဆင့် ဆရာတော်များကိုလည်း သံဃာအတုတွေ အယောင်ဆောင် တွေပါလို့ ပြန်ချေပဦးမှာလား။

ဆက်လက်ဖော်ပြပါမည်။

ရဲမင်းထွန်း

source by : http://moemaka.com
ဆက်ဖတ်မယ်...

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ တွေ့ဆုံ


ဓာတ်ပုံ - အန်အယ်လ်ဒီ

မကြာသေးခင်ကမှ အကျဉ်းထောင်တွေ အတွင်းကနေ လွတ်မြောက် လာကြတဲ့ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံ ခဲ့ကြပါတယ်။

ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ကျော်ကြာတွင်း ပထမဆုံး အကြိမ် တွေ့ဆုံဖြစ်သလို မြန်မာနိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစူကြည် နဲ့အတူ ပူးပေါင်း လက်တွဲ သွားမယ် လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ ကပြောပါတယ်၊

ဒီအခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊

နိုင်ငံရေး အကျဉ်းသားဟောင်း ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ ဇန်န၀ါရီ ၂၄ ရက် အင်္ဂါနေ့ ညနေ ၆နာရီက ရန်ကုန်မှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေအိမ်မှာ တွေဆုံ ခဲ့ကြတာပါ။

မြန်မာနိုင်ငံမှာ ၁၉၈၈ လူထုလှုပ်ရှားမှုကြီး ဖြစ်ခဲပြီးနောက်ပိုင်း နှစ်ပေါင်း ၂၀ကျော်ကြာတွင်း ဒီခေါင်းဆောင်တွေ ပထမဆုံးအကြိမ် ပြန်လည်တွေ့ဆုံကြတာလည်း ဖြစ်ပါတယ်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေထဲက ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုအံဘွယ်ကျော် အပြင် ကိုပြုံချို၊ ကိုအောင်သူတို့တွေ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံပြီး ညစာ အတူစားခဲ့ကြပါတယ်။

၈၈မျိုးဆက် ကျောင်းသားတွေကတော့ မြန်မာ့နိုင်ငံရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ လက်တွဲ ဆောင်ရွက်ပြီး ပံ့ပိုးဖို့လည်း အသင့်ပဲလို့ ကိုမင်းကိုနိုင် က ပြောပါတယ်။

ကိုမင်းကိုနိုင်။ မြန်မာပြည်နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှချန်ထားပြီး စဉ်းစားလို့ မရဘူးလေ၊ အဲဒီလိုအရေးကြီးဆုံး ပုဂ္ဂိုလ်တယောက်နဲ့ ကျနော်တို့ တောက်လျှောက် ထိတွေ့ပြီး ဆွေးနွေး နေရမှာပါ၊ မီဒီယာတွေမှာ အရင်ကတည်းက ကျနော်တို့ သဘောထားတွေ ပြောထားပြီးသားပါ၊ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ဘာမှ ကန့်ကွက်စရာ မရှိဘူးလို့ ပဲ ကျနော်တို့ သိရပါတယ်၊

ဒီကနေ့ ကျနော်တို့ ပြန်တွေ့ဆုံကြတဲ့ အနေအထားပေါ်မှာ အန်မတန် အားရစရာကောင်းတယ်၊ အားလုံးနားလည်မှုနဲ့ ရင်းနှီး ချစ်ကြည်မှုတွေ ပိုပြီးတော့ ရခဲ့တယ်၊ နှစ်ပေါင်းများစွာ ကွဲနေရတဲ့အတွက် အတိုးချပြီးတော့ ကျနော်တို့ အရင်ထက် ညီညွတ်ရေး ၊ မိသားစုအတွင်းမှာ ချစ်ကြည်ရေးက အစပေါ့ဗျာ အားလုံး အဆင်ပြေချောမွေ့ မယ်လို့ ဒီကနေ့ တွေ့ဆုံမှုအပေါ်မှာ ခန့်မှန်းလို့ ရပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော်တို့ မတွေ့ပဲနေခဲ့ရတာ အခုကျတော့ ပြန်ပြီးတွေ့တယ်ဆိုတာ တကယ်တော့ မိသားစုပြန်လည်ဆုံတွေ့တဲ့ ပွဲမျှပဲ ဖြစ်ပါတယ်၊ တယောက်နဲ့ တယောက် ကျန်းမာရေးကအစ ကွဲကွာနေတဲ့ မိသားစုတွေ ပြန်နှုတ်ဆက်တဲ့ သဘောပါ၊ )

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ၊

နောက်ပိုင်းမှာလည်း ၈၈အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ ထပ်မံ တွေ့ဆုံကာ မြန်မာ့ နိုင်ငံရေး အခြေအနေတွေ ဆွေးနွေးဖို့ ရှိတယ်လို့ ပြောပါတယ်၊

ဒီကနေ့ ညနေတွေ့ဆုံမှုတွေထဲမှာတော့ အကြိမ်ကြိမ် အဖမ်းခံရတဲ့ သူတို့တွေရဲ့ အတွေ့ အကြုံတွေကို ပြောဆိုဖြစ်ခဲ့ကြတယ် လို့လည်း ကိုဂျင်မီက ပြောပါတယ်။

ကိုဂျင်မီ။ ပြောတာပေါ့၊ ပြောတာပေါ့၊ ကျနော်တို့ နောက်ကြောင်းအတွေအကြုံတွေ ဒါပဲ ရယ်စရာ မောစရာ အနေနဲ့ အတိတ်ကအကြောင်းတွေကို၊ အခုအချိန်မှာရီမောပြီး ပြောနိုင်ကြတဲ့ သဘောတွေပါ၊ အဓိက ကတော့ ကျနော်တို့ ကျော်လွားခဲ့ရတဲ့ ဒုက္ခတွေကို ရီစရာမောစရာအဖြစ် ပြန်ပြောနေကြတာပါ၊ အခု ပြန် ဆုံကြတယ်။ ကျနော်တို့ ဒါပျော်ရွင်ကြတဲ့ ပျော်ပျော်ရွင်ရွင်နဲ့ ဒါညစာစားကြတာပါ၊

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီပါရှင်၊

ဒီလို ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်ပြီးခဲ့တဲ့ စနေ ဇန်န၀ါရီလ ၂၁ ရက်နေ့ကလည်းး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေးပါတီ ထူထောင်မှာ မဟုတ်သေးသလို ကြားဖြတ် ရွေးကောက်ပွဲကို ဒေါ်အောင်ဆန်းစုကြည် ၀င်ပြိုင်မှာကို သဘောတူ လက်ခံပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ၀န်းရံသွားမယ်လို့ ၈၈ခေါင်းဆောင်တွေ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲတွင် သူတို့ သဘောထား တွေကို ထုတ်ဖော် ပြောဆိုထား တာလည်း ဖြစ်ပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

ဆက်ဖတ်မယ်...

အရေးယူပိတ်ဆို့မှုကိစ္စ အမေရိကန်အမတ်များ ဆွေးနွေး

ဓာတ်ပုံ ASSOCIATED PRESS
ရန်ကုန်မြို့ အမေရိကန်စင်တာမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း စကားပြောဆိုနေစဉ်။ (ဇန်န၀ါရီလ ၂၂၊ ၂၀၁၂)

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ တနင်္ဂနွေနေ့မှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ ၈၈မျိုးဆက် ကျောင်းသား ခေါင်းဆောင်တွေ၊ ပြည်သူ့လွှတ်တော် သဘာပတိ သူရဦးရွှေမန်း တို့နဲ့ တွေ့ဆုံပါတယ်။

ဒီလို တွေ့ဆုံတာမှာ အမေရိကန် အစိုးရက မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေးအရ ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အဓိကထား ဆွေးနွေးခဲ့တယ် လို့လည်း တွေ့ဆုံ ဆွေးနွေးခဲ့သူတွေက ဆိုပါတယ်။

အပြည့်အစုံကိုတော့ မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် အထက်လွှတ်တော် အမတ်တွေ ဇန်န၀ါရီလ ၂၂ ရက်နေ့ ညနေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုတွေ့ဆုံတာမှာ မြန်မာ စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် အမေရိကန်က စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူရေး အားပေးထောက်ခံခဲ့တဲ့ အမေရိကန် အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်း အပါအ၀င် ဝါရင့် အထက်လွှတ်တော်အမတ်တွေ ဂျိုးဇက်လီဘာမန်၊ ကယ်လီအယို့တ် (Kelly Ayotte) နဲ့ ရှယ်လ်ဒန် ၀ိုက်ဟောက်စ် (Sheldon Whitehouse) တို့ ပါဝင်ပါတယ်။

မြန်မာအပေါ် အရေးယူထားတဲ့ စီးပွားရေး ဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ရုပ်သိမ်းရေးမှာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားကလည်း အရေးကြီးတယ် ဆိုပြီး သူတို့က ပြောဆို ထားတာပါ။

တွေ့ဆုံမှုအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံတာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆို သွားပါတယ်။

“ဒီ sanctions တွေ အစကတည်းက လုပ်ကတည်းက ဘာကြောင့် လုပ်တယ်၊ ဘယ်ခြေလှမ်းတွေ လှမ်းရင် ဘယ် sanctions တွေကို ရုပ်သိမ်းပေးမယ် ဆိုတာကို ပြောထားပြီးသားပါ။

အဲဒီတော့ သူတို့ သတ်မှတ်ထားတဲ့ ခြေလှမ်းတွေ လှမ်းပြီးရင်တော့ sanctions တွေကို စပြီးတော့ ရုပ်သိမ်းမှာပါ။ ဒီခြေလှမ်းတွေက ကြားဖြတ်ရွေးကောက်ပွဲ တစ်ခုတည်းတော့ မဟုတ်ပါဘူး။”

မြန်မာ စစ်အစိုးရက နိုင်ငံရေး အကျဉ်းသားတွေကို ဖမ်းဆီးအကျဉ်းချတာ၊ တိုင်းရင်းသား ဒေသတွေမှာ လက်နက်ကိုင် စစ်ပွဲတွေ ဖြစ်ပွားနေတာတွေကြောင့် အမေရိကန် အစိုးရက စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုနဲ့ အရေးယူထားတာပါ။ ဒီလို အရေးယူထားတာတွေကို ဧပြီလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ တရားမျှတမှု ရှိယုံနဲ့တော့ ဖွင့်ပေးမှာမဟုတ်ဘဲ အရေးယူထားတဲ့ အချက်အလက်တွေကို မြန်မာ အစိုးရဘက်က ဘယ်လောက် ပြုပြင် ပြောင်းလဲမှု ရှိမလဲ ဆိုတဲ့ အပေါ်မှာ စဉ်းစားပြီး တစ်ဆင့်ချင်း ဖြေလျှော့ သွားမယ်လို့လည်း ပြောဆိုသွားပါတယ်။

အမေရိကန် အထက် လွှတ်တော် အမတ်တွေနဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တွေလည်း တွေ့ဆုံ ဆွေးနွေး ခဲ့ကြပါသေးတယ်။

တွေ့ဆုံဆွေးနွေးသူ တစ်ဦးဖြစ်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ်က အခုလို ပြောပါတယ်။

“sanctions နဲ့ ပတ်သက်လာလို့ရှိရင် အမေရိကားရဲ့ ပထမ ပေါ်လစီဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား အားလုံး လွတ်မြောက်ရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ စစ်ပွဲတွေ ရပ်ဆိုင်းပြီးတော့ ပြည်တွင်း ငြိမ်းချမ်းရေးကို ဖြေရှင်းရေးကို တည်ထားတဲ့ သူတို့ရဲ့ ပေါ်လစီနှစ်ရပ်ကိုပဲ ဆွေးနွေးဖြစ်ပါတယ်။ သူတို့ကလည်း သူတို့နဂိုကတည်းက ရပ်တည်ထားတဲ့ သူတို့ရဲ့ တောင်းဆိုမှုကို ပြန်ပြီးတော့ ပြောပါတယ်။ ပြီးတော့ လက်ကျန် ရှိနေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စာရင်းကိုလည်း ကျနော်တို့က ပေးမယ်ဆိုတာတွေ လည်း ပြောခဲ့ပါတယ်။”

၈၈ မျိုးဆက်ကျောင်းသားတွေ အနေနဲ့ အမေရိကန်နဲ့ မြန်မာအကြား သံအမတ်ကြီးအဆင့် ပြန်ပြီး ဆက်ဆံရေး ထူထောင်လာတာကို ကြိုဆိုတဲ့အကြောင်းနဲ့ ရှေ့ဆက်ပြီး နိုင်ငံတကာနဲ့ မြန်မာ အတိုက်အခံတွေ အကြား ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကိုလည်း ဆွေးနွေး ခဲ့ကြပါတယ်။

အမေရိကန် အစိုးရရဲ့ စီးပွားရေးဆိုင်ရာ ဒဏ်ခတ်ပိတ်ဆို့မှု ပြန်ရုပ်သိမ်းရေး အတွက် မူလက ချမှတ်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးရေး၊ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေ ရပ်စဲရေး လက်ရှိ ပကတိ အနေအထားတွေကို သုံးသပ်ဖို့လည်း အမေရိကန် အထက်လွှတ်တော် အမတ်တွေကို တိုက်တွန်းခဲ့တယ် လို့လည်း ကိုဌေးကြွယ်က ပြောပါတယ်။

အကျဉ်းထောင်တွေထဲမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ပတ်သက်ပြီးလည်း ကိုဌေးကြွယ်က အခုလို ပြောပါတယ်။

“ဒီလိုဗျ။ အခုချိန်မှာ ကျန်နေသေးတယ် ဆိုတဲ့ နိုင်ငံရေး အကျဉ်းသားတွေက လက်နက်မှုတွေနဲ့ ပတ်သက် နေတယ်ပေါ့ဗျာ။ လက်နက်မှုတွေနဲ့ စွပ်စွဲခံထားရတဲ့ အကျဉ်းသား ဆိုတာကလည်း မြန်မာနိုင်ငံမှာက ပြည်တွင်းစစ်က တောက်လျှောက် ဖြစ်ခဲ့တာပဲ။ ဒီပြည်တွင်းစစ် တောက်လျှောက်ကာလမှာ လက်နက်ကိုင် ပဋိပက္ခတွေနဲ့ ဒါက ရှောင်လွှဲလို့မရတဲ့ ကိစ္စတွေပါ။

တကယ်တမ်းကတော့ နိုင်ငံရေးအရ ပဋိပက္ခတွေ ရှိနေတဲ့အတွက် ဒီလို လက်နက်ကိုင်မှုတွေ ပေါ်ပေါက်လာတာပါ။ ဒါတွေကို အခု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့တောင် ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အခြေအနေမှာ ထောင်ထဲမှာ ရှိနေတဲ့သူတွေကိုတော့ စိုးရိမ်စရာ မရှိပါဘူး။

တကယ်တမ်းကတော့ အားလုံးကို နိုင်ငံရေးအရ ဖမ်းဆီး ထိန်းသိမ်းထားခံရတဲ့ သူတွေ အားလုံးကို ပုဒ်မတွေ ခွဲမနေတော့ဘဲ လွှတ်ပေးသင့်တယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ ပြောတာပါ။”

တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်နေတဲ့ အထက်လွှတ်တော် အမတ် ဂျွန်မက်ကိန်းက ၈၈ မျိုးဆက် ကျောင်းသာတွေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နှစ်နိုင်ငံ လွှတ်တော် ၂ ရပ် ပူးပေါင်း ဆောင်ရွက်ရေး မြန်မာလွှတ်တော် ကိုယ်စားလှယ်တွေ အမေရိကန် လွှတ်တော်ကို လာရောက် လေ့လာဖို့ ဖိတ်ကြားခဲ့ပါတယ်။

နားဆင်ရန်


source by : http://www.voanews.com

ဆက်ဖတ်မယ်...

လွတ်ငြိမ်းခွင့်ရပြီး ရက်ပိုင်းအတွင်း နိုင်ငံရေး အကျဉ်းသားဟောင်း ကွယ်လွန်

ထောင်ဒဏ် တသက်တကျွန်း ကျခံခဲ့ရပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသက်နွယ် (ခ) ကိုငြိမ်းလူဟာ ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့  မနေ့က နေလယ် ၁၂ နာရီမှာ ကွယ်လွန် သွားပါတယ်။

ကိုသက်နွယ်ဟာ ထောင်ကလွတ်ပြီး ၉ ရက်အကြာမှာပဲ ထောင်တွင်းက ရရှိခဲ့တဲ့ ဒဏ်ရာတွေနဲ့ ကွယ်လွန် သွားတယ်လို့ အစ်မဖြစ်သူ ဒေါ်မာလာနွယ်က ပြောပါတယ်။

“သူက ထောက်လှမ်းရေး ၂၆ ဗိုလ်ခင်ညွန့်တပ်က ဖမ်းတာပါ။ စဖမ်းကတည်းကိုက သူ့ကို တအား နှိပ်စက်ပါတယ်။ ရှေ့သွားတွေဆို အပေါ်သွားရော အောက်သွားရော လုံးဝ မရှိတော့အောင်ကို ဗိုလ်ခင်ညွန့်တပ်က ရိုက်ချိုးထားပါတယ်။ သူ့ကို နည်းမျိုးစုံနဲ့ စစ်တဲ့အတွက်ကြောင့် သူရဲ့ အာရုံကြောတွေက အကုန်လုံး ချွတ်ယွင်းနေတယ်။”

၂၀၀၂ ခုနှစ်မှာ ကိုသက်နွယ်ကို လက်နက်အမှုတွေနဲ့ စွပ်စွဲဖမ်းဆီးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရေးပေါ်ဥ​ပ​ဒေ​၊​​ ​နယ်​စပ်​ဖြတ်​ကျော်ဥ​ပ​ဒေ​နဲ့​​ ​မ​တ​ရား​အ​သင်း​နှင့်​​ ​ဆက်​သွယ်​မှု ​စ​တာ​တွေနဲ့​ စွဲဆိုခဲ့ပြီး ထောင်ဒဏ် တသက်တကျွန်း ချမှတ်ခဲ့တာပါ။ အဲဒီနောက် ၁၀ နှစ် အကျဉ်းကျခံခဲ့ပြီး လွတ်ငြိမ်းခွင့်နဲ့ ပြန်လွတ်လာပါတယ်။

ကိုသက်နွယ်ဟာ အသည်းရောဂါကို ခံစားနေရတာဖြစ်ပြီး လွတ်လာတာနဲ့ ဆေးရုံမှာ ကုသခံခဲ့ရပေမယ့် မသက်သာဘဲ ကွယ်လွန်သွားတာပါ။

စစ်ကြောရေးကာလမှာ ထောက်လှမ်းရေးတွေရဲ့ နှိပ်စက်မှုဒဏ်တွေကြောင့် အာရုံကြောများ ထိခိုက်သွားတဲ့ အတွက်လည်း အင်းစိန်ထောင်မှ စိတ်ရောဂါ အထူးကုဆေးရုံကြီးကို ၂ ကြိမ် တက်ရောက် ခဲ့ရတယ်လို့ ဒေါ်မာလာနွယ်က ပြောပါတယ်။

ဒီဇင်ဘာလက ကိုသက်နွယ်ရဲ့ ဆိုးဝါးလာတဲ့ ကျန်းမာရေး အခြေအနေတွေကြောင့် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ)က အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ကိုသက်နွယ် အခုလို သေဆုံးခဲ့တဲ့အပေါ် ဒေါ်မာလာနွယ်က “ကျမမောင်လေးလို မတရားပုဒ်မတွေ တပ်ပြီးတော့ ထောင်ထဲမှာ နှိပ်စက်ညှဉ်းပန်းပြီးတော့ ဒဏ်ခံနေရသလိုမျိုး နောက်လူတွေကို ဆက်ပြီးတော့ မလုပ်ပါနဲ့တော့လို့ ကျမအစိုးရကို တောင်းဆိုချင်ပါတယ်။”

ကိုသက်နွယ်ရဲ့ ဈာပနကို တနင်္ဂနွေနေ့ညနေမှာ ရေဝေး သုသာန်ကို ပို့ဆောင်ပြီး အင်္ဂါနေ့မှာ သင်္ဂြိုဟ်မယ်လို့ ဆိုပါတယ်။

နိုဝင်ဘာလကလည်း အစိုးရ လွတ်ငြိမ်းခွင်နဲ့ လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုဇော်လင်းထွန်း ဟာ ထောင်က လွတ်ပြီးရက်ပိုင်းအကြာမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။


source by : http://burmese.dvb.no
ဆက်ဖတ်မယ်...

ABMA ဂျာနယ် (အတွဲ ၃ - အမှတ် ၂၊ ဇန်န၀ါရီလ - ၂၀၁၂ ခုနှစ်)



source by : http://www.scribd.com/ko latt
ဆက်ဖတ်မယ်...

ကိုဇာဂနာရဲ့ “ဘာဘာညာညာ ဇာဂနာ - အပိုင်း (၁)”



ရသအလင်း ဖောင်ဒေးရှင်းမှ မကြာမှီ သေသပ်လှပစွာရိုက်ကူးထားသော ဟောပြောပွဲ အစအဆုံး အခွေကို ရောင်းချမှာ ဖြစ်လို့ အားပေးကြပါ။

ရရှိသောငွေများကို လှူဒါန်းမှုမှ­ာ သုံးစွဲသွားမယ်လို့  သိရပါတယ်။

source by : http://www.youtube.com/user/yannaungsoe

ဆက်ဖတ်မယ်...

အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသား စာရင်း

(AAPP) နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (မြန်မာ)က ထုတ်ပြန်လိုက်တဲ့ လက်ရှိ အကျဉ်းထောင် အသီးသီးမှာ ကျန်ရှိနေသေးတဲ့
နိုင်ငံရေး အကျဉ်းသား ၄၁၁ ဦး စာရင်း။


source by : http://www.burmavjmedia.net
ဆက်ဖတ်မယ်...

ကချင်ပြည်နယ်၊ဟိုပင်မြို့တွင် တရားမဲ့ သတ်ဖြတ်မှုတစ်ခု ဖြစ်ပွား

ကချင်ပြည်နယ်၊ ဟိုပင်မြို့ မြသီတာရပ်မှာ မီးရထားဝန်ထမ်း အရပ်သားတစ်ဦးကို စစ်တပ်အရာရှိတစ်ဦးက သေနတ်နဲ့ပစ်သတ်မှု သောကြာနေ့က ဖြစ်ခဲ့ပါတယ်။ ဟိုပင်မြို့မှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့နေပြီး ဥပဒေမဲ့ ရမ်းကားတာတွေ မကြာခဏ ဖြစ်တာကြောင့် အမြဲလို စိုးရိမ်ထိတ်လန့်နေရပြီး လုံခြုံမှု ကင်းမဲ့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အပြည့်စုံကို မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ် ဟိုပင်မြို့ နမ့်ခွင်ရွာက အဘ ဦးပြည်မောင်ရဲ့သား၊ မြန်မာ့ မီးရထားဝန်ထမ်း တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်နိုင် ကို ဇန်န၀ါရီလ ၂၀ ရက်နေ့ ည ၁၁ နာရီမှာ စကားများ ရန်ဖြစ်ရာကနေ ဟိုပင်အခြေစိုက် ခမရ (၃၈၈) က ဗိုလ်ကြီးတစ်ဦးက ပစ်သတ်ခဲ့တာပါ။ သေဆုံးသူရဲ့ အိမ်နီးနားချင်းနေထိုင်သူ၊ အခင်းဖြစ်ပွားတဲ့ နေရာအနီးက မြို့ခံတစ်ဦး ပြောပြတာက -

“လူသတ်ပြီးတော့မှ သူတို့က အလောင်းပါ ဖျောက်ဖို့လုပ်တဲ့ အစီအစဉ်ပဲဗျ။ ဟိုပင်ကတပ်ပဲ။ စွမ်းထက် ဆိုင်ကယ်ပြင်ဆိုင် ဆိုတာက ၀ပ်ရှော့ဆရာ နှစ်ဦး။ သူတို့က အဲဒီထဲမှာ မူးနေတာ၊ ဟိုပင်ဘူတာကနေ ဂျမဒါလေး လမ်းခွဲဆိုင် ခေါ်တာပေါ့။

ဇော်ဇော်နိုင်ရယ်၊ နိုင်ကိုကိုရယ်၊ ဇော်ထွန်းနိုင်ရယ်၊ ရဲမင်းထွဋ်ရယ်၊ အဲဒီကောင်လေး ၄ ယောက်က အဲဒီစားသောက် ဆိုင်ထဲမှာ သွားပြီးတော့ အရက်သောက်တာ။ စကားများကြတာက ဘယ်လိုတွေ များကြတယ်တော့ မသိဘူး။ စကားများရာကနေပြီးတော့ အဲဒီ ဗိုလ်ကြီး ဆိုတာကနေပြီးတော့မှ သူ့ထဲမှာပါလာတဲ့ ပစ်စတိုနဲ့ ဇော်ဇော်နိုင်ကို ပစ်ထည့်လိုက်တာ ဦးနှောက် ပွင့်သွားတယ်။ ဇော်ဇော်နိုင် အဲဒီမှာတင် ပွဲချင်းပြီး သေရောဗျာ။”

ရထားဝန်ထမ်းလေးကို ပစ်သတ်ယုံသာမက ဆိုင်ထဲမှာ သေနတ် ပစ်ဖောက်မှုတွေ လုပ်ခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။ ဆိုင်ရှင်က လူသတ်မှုနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းကို အကြောင်းကြားခဲ့တာကြောင့် ရဲက ရောက်လာချိန်မှာ အလောင်းကို ရှာမတွေ့ဘဲ တရားခံဖြစ်သူ ဗိုလ်ကြီးက အလောင်းဖျောက်ဖျက်မှုကိုပါ ဆက်လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းမှူးနဲ့ ရဲအုပ် အဖွဲ့က ရောက်လာတော့ ခုနကသေသွားတဲ့သူရဲ့ အလောင်းက မရှိတော့ဘူး။ ဒါပေမဲ့ အဲဒီ ဆိုင်ရှင်က ပြောတာက ခုနကတုန်းက ဗိုလ်ကြီးက အဲဒါကို ဆိုင်ကယ်နဲ့ သယ်သွားတယ်။ အဲဒါ ဆေးရုံကို ပို့မယ်လို့ ပြောတယ် ဆိုပြီးတော့ သူတို့ လိုက်ကြတော့၊ ရဲတွေလည်း အလောင်းလိုက်ရှာကြတာ။ တစ်မိုင်ကုန်းဆိုတာ ရှိတယ်။ ဟိုပင်ရဲ့ အနောက်တည့်တည့်မှာပဲလေ။ အဲဒီမှာ သင်္ချိုင်း မီးသဂြုင်္ိဟ်စက် ရှိတယ်။ မီးသဂြုင်္ိဟ်စက်က တောင်ပေါ်မှာ တည်ထားတာလေ။ တောင်စောင်းမှာကျတော့ သူတို့ မီးသဂြုင်္ိဟ်စက်က ထွက်လာတဲ့ ပြာတွေမီးသွေးတွေကို အလောင်းတွေရှို့ပြီးတော့မှ ထွက်တဲ့ဟာတွေကို စွန့်ပစ်တဲ့ ချောက်တွေ ရှိတယ်လေ။

အဲဒီကြားထဲကို သူတို့က မီးသွေးတွေ ပြာတွေစွန့်ပစ်တဲ့ဘက်ကို အလောင်းကြီးကို ပစ်ထည့်လိုက်တာကိုး။ အောက်ကို တော်တော်လေး၊ ပေ ၅၀ လောက်ကျပြီးမှ အဲဒါ မီးတွေ ဘာတွေ ထွန်းပြီးတော့ ရှာကြတော့ အဲဒါ သင်္ချိုင်းမြေထဲကနေ အဲဒီအလောင်းကို ရှာတွေ့တာပေါ့ဗျ။ ခမရ ကိုတော့ ရဲကနေ အကြောင်းကြားတာဗျ။ ရဲကနေ အကြောင်းကြားတော့ အဲဒီက တပ်ရင်းဗိုလ်ကြီးက အဲဒီကောင်ကို ဖမ်းထားလိုက်ပြီလို့ ပြောတယ်။”

အလောင်းကိုတော့ ဟိုပင်က သင်္ချိုင်းဘေးက ချောက်ထဲမှာ မနက် ၃နာရီကျော်မှ ရဲတွေက ပြန်တွေ့ခဲ့တယ်လို့ ဆိုပါတယ်။ ဟိုပင်မှာ ညနေ ၇ နာရီ ကျော်တာနဲ့ လမ်းပေါ် မထွက်ရဲကြဘဲ သေနတ်သံတွေက အမြဲလိုလို ကြားနေရပြီး တရားဥပဒေစိုးမိုးမှု မရှိတာကြောင့် လူထုတွေအနေနဲ့ ထိတ်လန့် ကြောက်ရွံ့နေရတယ် လို့လည်း ဆိုပါတယ်။

“ကျနော်တို့ဆီမှာ လူရမ်းကားတွေ လုပ်ချင်တိုင်းလုပ်လို့ မရအောင် တရားဥပဒေ စိုးမိုးရေးက မရှိတော့ ညနက်နက်ဆိုရင် အရက်တွေမူး၊ သေနတ်တွေ တဒိုင်းဒိုင်းပစ်။ ကျုပ်တို့လူထုက တော်တော်ကို စိတ်ညစ်နေရတယ်လေ။ အခုဆို အဲဒီသင်္ချိုင်းကို ဒီကနေ့ ၂ နာရီမှာ ကျနော်လည်း လိုက်သွားတယ်။ မီးသဂြုင်္ိဟ်တာလေ သူတို့ နမ့်ခွင်ရွာကလူတွေ ၃၀၀ လောက်လာတာ။ ကားတွေနဲ့၊ ကားကြီးတွေနဲ့ လာကြတာ။ လိုက်ပို့ကြတယ်လေ။ လူတွေက တောက်တခေါက်ခေါက်နဲ့ ပေါ့ဗျာ။

တကယ်ကျတော့ သေနတ်က ပြောမယ်ဆိုရင် တိုင်းပြည်ကာကွယ်ဖို့ပေါ့ဗျာ၊ ပြည်ပရန် ကာကွယ်ဖို့ ပေးထားတာပဲဗျာ။ ကိုယ့် ရွာသူရွာသားချင်း ပစ်ဖို့မှမဟုတ်တာ။ ထစ်ခနဲရှိ ဒီလိုပစ်သတ်ကြေးဆို ခက်ရပေရဲ့။”

သေဆုံးသူ အလံကိုင် ရထားဝန်းထမ်းလေးဟာ အသက် ၂၄ နှစ်ဟာ ရှိသေးပြီး အင်္ဂလိပ်စာမေဂျာနဲ့ ကျောင်းပြီးလာတာ မကြာသေးဘဲ အလုပ်ဝင်လုပ်နေတာလို့ ဆိုပါတယ်။ ဒီလို ပစ်သတ်မှုနဲ့ပတ်သက်လို့ ဟိုပင်ဘူတာကို ဆက်သွယ်မေးမြန်းတဲ့အခါ ပြောပြဖို့ ခက်ခဲနေသေးတယ်လို့ ဆိုပါတယ်။

အခင်းဖြစ်ပွားခဲ့တဲ့ စားသောက်ဆိုင်က ဆိုင်ရှင်ကတော့ ပ နံပါတ် ၃/၂၀၁၂၊ ရာဇ၀တ်ပုဒ်မ (၃၀၂) အရ ရဲကို အမှုဖွင့် တိုင်ကြားထားတယ်လို့ ဆိုပါတယ်။ တရားခံနဲ့ပတ်သက်ပြီး ဟိုပင်ရဲစခန်းအနေနဲ့ အရေးယူ ဆောင်ရွက်ခြင်း ရှိမရှိကို မေးမြန်းဖို့အတွက် ဟိုပင်ရဲစခန်းကို ဆက်သွယ်တဲ့အခါမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

အသံဖိုင် နားဆင်ရန်

http://www.voanews.com
ဆက်ဖတ်မယ်...

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရှင်သန်ရေးတို့အတွက် ရည်စူး၍ ၈၈မျိုးဆက် ကျောင်းသားများ အပါအဝင် နိုင်ငံရေးအင်အားစုများ ရွှေတိဂုံဘုရားတွင် ဆီမီးပူဇော်


(Photo - Yangon Media Group)

Copy @ http://drlunswe.blogspot.com
ဆက်ဖတ်မယ်...

၈၈ မျိုးဆက်ကျောင်းသားများ၏ သတင်းစာရှင်းလင်းပွဲ (ရုပ်/သံ)





source by : http://www.youtube.com/user/mgbamar1969
ဆက်ဖတ်မယ်...